"#အမျိုးသမီးများ မီးယပ်သွေးဆုံးခြင်းအတွက်
မပင်ပန်းသော ဆေးနည်း"
ယောက်ျားတေဇော၊
မိန်းမအာပေါ ဆိုသော
တိုင်းရင်းဆေးပညာ၏ ဝေါ်ဟာရရှိ၏။
အမျိုးသားတို့က
တေဇောဓာတ် လွန်ကဲတတ်ကြပြီး
အမျိုးသမီးတို့က
အာပေါဓာတ်နှင့် ပထဝီဓာတ်များ
လွန်ကဲလေ့ ရှိသည်ဟုဆို၏။
အမျိုးသမီးတို့သည်
မီးယပ်သွေးတည်းဟူသော
အာပေါဓာတ် ယိုစီးမှုကြောင့်
ရုပ်သဏ္ဍာန် လှပမှုတွင်
ရင်နှင့်တင်စသည်ဖြင့်
ရုပ်ကိုရှေ့ဆောင်ခြင်းဖြစ်လေသည်။
အမျိုးသမီးများ၏
ကျန်းမာရေးသည် မီးယပ်သွေးနှင့်
သက်ဆိုင်နေတတ်ပေသည်။
ထိုကြောင့်လည်း ....
မီးယပ်သွေးလစဉ်မှန်မှန် ဆင်းသက်စေရန်
အမျိုးသမီးများ စောင့်ရှောက်သင့်လှ၏။
အမျိုးသမီးများသည်
အဓိကအားဖြင့်
မီးယပ်သွေး မမှန်ခြင်းမှ စကာ
မီးယပ်ရောဂါ အမျိုးမျိုးကို ခံစားကြရသည်။
အမျိုးသမီးအများစု
ခံစားရတတ်သော မီးယပ်သွေးဆုံးခြင်းနှင့်
ပတ်သက်ပြီး တင်ပြရပါလျှင်
သွေးဆုံးချိန်နီးသည့်
အချိန် ကြားကာလမျိုးတွင်
ရောဂါ၏ မာယာက စတင်တတ်လေသည်။
ချမ်းလိုက်၊ ...
ပူလိုက်ဖြစ်၏။
ခေါင်းကိုက်ခြင်း၊နှလုံးတုန်၊
မောပန်းခြင်းလည်း ဖြစ်၏။
ထိုမျှမက
ခြေဖျား၊ လက်ဖျားတို့ အေးပြီး
စိတ်မငြိမ်မသက် ဖြစ်ရကာ
စားမကောင်း အိပ်မပျော် စုံလင်လှပေသည်။
ထိုကြောင့် ....
ထိုအမျိုးသမီး၏ ကျန်းမာရေးသည်
ကောင်းလိုက်၊ မကောင်းလိုက်
နားလည်ရ ခက်နေတတ်လေသည်။
ဒါကြောင့်လည်း ...
မီးယပ်သွေးဆုံးယောကျာ်းမုန်း ဟု
စာပင်ချိုးကြ တော့သည်။
မီးယပ်သွေးဆုံးခြင်းနှင့်
အကြောင်းပတ်သက်၍
တိုင်းရင်းဆေး ဆရာကြီး ဦးကြွယ် ၏
အလွန် ထိရောက်သော
ဆေးနည်းကောင်းလေးအား ပေးဖူးပါသည်။
ထိုဆေးနည်းမှာ
သွေးဆုံးမီးယပ် ခံစားနေရသော
အမျိုးသမီး တစ်ပတ်တစ်ကြိမ်နှုန်း
တစ်လလျှင် (၄) ကြိမ်
လွယ်လင့်တကူ
သောက်ပေးရန်ဖြစ်ပါသည်။
(၁) ထမင်းရည် ငါးကြင်းဖန်ခွက် (၁) ခွက်
(၂) ကြက်ဥစိမ်း (၁) လုံး
(အိမ်ကြက်ဥရပါက ပိုကောင်းပါသည်)
(၃) ငရုတ်ကောင်းမှုန့် (၅) စေ့စာ
(၄) ဆား အနည်းငယ်
(၅) ပျားရည် (၂) ကျပ်သား
ထမင်းရည်ပူပူထဲ
ကြက်ဥကို ဖောက်ထည့်ပေးပြီး
ငရုတ်ကောင်း၊ ဆားထည့်ပြီး
ပျားရည် ထည့်မွှေ၍
ထမင်းရည် နွေးနွေးကို
တစ်ခါတည်း သောက်ပေးခြင်း ဖြစ်လေသည်။
၀န်ထမ်းဘ၀တစ်လျှောက်
တိုင်းရင်းဆေးဆရာကြီးဦးကြွယ်ပေး သောဆေးနည်းဖြင့်
ရောက်ရှိရာနေရာဒေသများတွင်
ဆေးနည်း ဒါနပြုခဲ့ရာ
အတော်ပင် ထိရောက် အကျိုးရှိပါ၍
လိုသူတို့ သုံးနိုင်ပါရန်
အပန်းမကြီးသော
မီးယပ်သွေးဆုံး ဆေးနည်းကို
တင်ပြလိုက်ပါသည်။
Credit

image