ဆင်တုံးမနွယ် ပျားရည်စိမ်ဆေးကို "မအိုဆေး" ဟုပင် တင်စားခေါ်ဝေါ်လေ့ရှိကြသည်။ ၎င်းသည် အသက်ရှည်စေသောဆေး၊ ခွန်အားဖြစ်စေသောဆေးအဖြစ် ကျော်ကြားပြီး အသက်ရှည်စေကာ အိုမင်းရင့်ရော်မှုကို နှေးကွေးစေခြင်း၊ ရောဂါများကို တိုက်ဖျက်ပေးနိုင်ခြင်း စသည့် အစွမ်းသတ္တိများရှိသည်ဟု ဆိုကြပါသည်။ ထို့အပြင် အမျိုးသားများအတွက် အားအင်ပြည့်ဝစေပြီး လူကို လန်းဆန်းတက်ကြွစေသည်ဟုလည်း ပြောလေ့ရှိကြပါသည်။ (အိမ်ထောင်ရှိသူများ အထူးသောက်သုံးသင့်ပါသည်)
လိုအပ်သော ပစ္စည်းများ
ဆင်တုံးမနွယ်
ပျားရည်အစစ်
ပြုလုပ်နည်းအဆင့်ဆင့်
ဆင်တုံးမနွယ် ပြင်ဆင်ခြင်း:
ဆင်တုံးမနွယ်ကို သန့်စင်အောင် ရေသေချာဆေးပါ။
ထို့နောက် လက်တစ်ဆစ်စာအရွယ် အတုံးလေးများ တုံးပါ။
တုံးထားသော အတုံးများကို ၂ ရက်ခန့် ခြောက်အောင် နေလှန်းထားပါ။
ပျားရည် ကျိုခြင်းနှင့် အအေးခံခြင်း:
ပျားရည်ကို ရေငွေ့ပြန်သွားသည်အထိ ဆူပွက်အောင် ကျိုပါ။
ကျိုပြီးနောက် အအေးခံထားပါ။
စိမ်ခြင်း:
ပြင်ဆင်ထားသော ဆင်တုံးမနွယ်အတုံးများကို ဖန်ပုလင်းတစ်ဝက်ခန့် ထည့်ပါ။
ပြီးနောက် ကျိုထားသော ပျားရည်ကို ဖန်ပုလင်းထဲသို့ လောင်းထည့်ပါ။
(အရေးကြီး) ပုလင်းအပြည့် မထည့်ရပါ၊ ပျားရည်နှင့် ဖန်ပုလင်းအပေါ်ပိုင်းအကြား ၃ လက်မခန့် နေရာလွတ် ချန်ထားပါ။
အဖုံးကို လုံအောင်ပိတ်ပြီး ၁ လမှ ၃ လအထိ စိမ်ထားပါ။
(သတိပြုရန်) ဆေးပုလင်းကို နေရောင်မထိအောင် ဂရုစိုက်ပါ။
သောက်သုံးနည်း
ဆေးစိမ်ရည် ၁ ဇွန်းကို ရေ ၁ ခွက်နှင့် ရောစပ်ပြီး တစ်နေ့လျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ သောက်သုံးနိုင်ပါသည်။
အစာမစားမီ သို့မဟုတ် အစာစားပြီးမှလည်း သောက်သုံးနိုင်ပါသည်။
အအေးအဖြစ် ရေခဲထည့်ဖျော်ပြီးလည်း သောက်သုံးနိုင်ပါသည်။
အကြံပြုချက်
ဆေးစိမ်ပြီး သတ်မှတ်ထားသည့်အချိန် ပြည့်သွားပါက ပျားရည်ကို စစ်ထုတ်ပြီး ပျားရည်အသစ် ထပ်မံထည့်၍ ထပ်မံစိမ်နိုင်ပါသည်။ ဆင်တုံးမနွယ် မလဲဘဲ ဤနည်းဖြင့် ၃ ကြိမ်အထိ ပြုလုပ်နိုင်ပါသည်။
#crd_to_owner_with_respect

image