1 w - Translate

ဂျိမ်းစ်ဟီရမ်ဘက်ဖို့ဒ် (James Hiram Bedford) ဟာ ကမ္ဘာ့သမိုင်းမှာ သိပ္ပံနည်းကျ အေးခဲထိန်းသိမ်းခြင်း (Cryonically Preserved) ကိုခံယူခဲ့တဲ့ ပထမဆုံးလူ ဖြစ်ပါတယ်
သူဟာ ကယ်လီဖိုးနီးယား တက္ကသိုလ်မှာ စိတ်ပညာပါမောက္ခအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ် သူဟာ ကျောက်ကပ်ကင်ဆာ ရောဂါကြောင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ် သူဟာ ကွယ်လွန်ပြီးနောက် နောက်တစ်ကြိမ်အသက်ပြန်ရှင်နိုင်ဖို့အတွက် အနာဂတ်သိပ္ပံပညာရဲ့တိုးတက်မှုကို မျှော်လင့်ကာ သူ့ခန္ဓာကိုယ်ကို အေးခဲထားရန် ကိုယ်တိုင် ငွေကြေးသုံးစွဲကာစီစဉ်ခဲ့ပါတယ်
ဘက်ဖို့ဒ် ရဲ့ အေးခဲထိန်းသိမ်းမှု လုပ်ငန်းစဉ်ကို ၁၉၆၇ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ဒေါက်တာ ဂျိမ်းစ်လော (Dr. James H. Loe) က ဦးဆောင်ပြီးဆောင်ရွက်ခဲ့ပါတယ် ခန္ဓာကိုယ်ကို ချက်ချင်း အေးခဲစေခြင်း မပြုဘဲ ဦးစွာ ဆဲလ်တွေ ပျက်စီးမှုကို ကာကွယ်ရန် "ခရိုင်ယိုပရိုတက်တန့် (Cryoprotectants)" လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေကိုသွေးကြောထဲသို့ ထိုးသွင်းခဲ့ပါတယ် အဲ့ဒီနောက် ဘက်ဖို့ဒ်ရဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကို အလွန်အေးတဲ့ နိုက်ထရိုဂျင်အရည်တွေ ပြည့်နေတဲ့ သံပုံးကြီးထဲမှာ ထိန်းသိမ်းခဲ့ပါတယ်
နှစ်ပေါင်းများစွာအတွင်း ဘက်ဖို့ဒ်ရဲ့ ခန္ဓာကိုယ်ကို နေရာများစွာသို့ ပြောင်းရွှေ့ခဲ့ရပြီး အခုအခါမှာတော့ အမေရိကန်ပြည်ထောင်စု အရီဇိုနားပြည်နယ်ရှိ Alcor Life Extension Foundation ရဲ့ ဓာတ်ခွဲခန်းမှာထိန်းသိမ်းထားဆဲဖြစ်ပါတယ်
ဘက်ဖို့ဒ်ဟာ ေxသဆုံးပြီးနောက် ဆယ်စုနှစ်ပေါင်းများစွာကြာသည်အထိ ဒီနည်းပညာနဲ့ ထိန်းသိမ်းခံထားရတဲ့ ပုဂ္ဂိုလ်တွေထဲမှာ သက်တမ်းအကြာဆုံးဖြစ်ပါတယ်
Cryonics နည်းပညာရဲ့ အဓိက စိန်ခေါ်မှုကတော့ ခန္ဓာကိုယ်ကို အေးခဲစဉ် နဲ့ ပြန်လည် နွေးထွေးစေတဲ့အခါ ဆဲလ်တွေ နဲ့ တစ်ရှူးတွေ ပျက်စီးခြင်းမှ ကာကွယ်ရန်ဖြစ်ပါတယ် လက်ရှိ သိပ္ပံပညာအရ အသက်မဲ့နေပြီး အေးခဲထားတဲ့ လူတစ်ဦးရဲ့ခန္ဓာကိုယ်ကို အောင်မြင်စွာ အသက်ပြန်ရှင်လာအောင် လုပ်နိုင်ခြင်း မရှိသေးပါဘူး
ဒါပေမဲ့လည်း ဂျိမ်းစ်ဟီရမ်ဘက်ဖို့ဒ် ဟာ အနာဂတ် သိပ္ပံပညာက သူ့အား တစ်ဖန် အသက်ပြန်သွင်းနိုင်မဲ့ နေ့ရက်ကို မျှော်လင့်ပြီး အေးခဲနေတဲ့ အခြေအနေမှာ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်
#fblifestyle #knowledge #ဗဟုသုတ #facts #whatthefacts

image