#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေး ကုလကွန်ဗင်းရှင်း နိုင်ငံ ၆၀ ကျော် လက်မှတ်ထိုး
ဆိုက်ဘာရာဇဝတ်မှုများ နှိမ်နင်းရေးအတွက် ပထမဆုံးအကြိမ်အဖြစ်ရယူထားသော ကုလသမဂ္ဂ စာချုပ်တစ်ရပ်ကို ကမ္ဘာ့နိုင်ငံပေါင်း ၆၁ ကျော်တို့က အောက်တိုဘာ ၂၅ ရက်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်း မြို့တော်၌ တော်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
နည်းပညာကုမ္ပဏီအချို့နှင့် လူ့အခွင့်အရေး အုပ်စုများက ကန့်ကွက်နေသည့်တိုင် ဆိုက်ဘာရာဇ၀တ်မှုတိုက်ဖျက်ရေး ကုလသမဂ္ဂကွန်ဗင်းရှင်း အမည်ရှိ အထက်ပါစာချုပ်ကို ကမ္ဘာ့နိုင်ငံများက လက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
ပါဝင်လက်မှတ်ရေးထိုးထားသော နိုင်ငံများမှသက်ဆိုင်ရာလွှတ်တော်များက အထည်ပြုပေးပြီးပါက ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေးကုလသမဂ္ဂကွန်ဗင်းရှင်း စတင်အာဏာသက်ဝင်မည်ဖြစ်သည်။
ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေး ကုလ သမဂ္ဂကွန်ဗင်းရှင်းကိုရယူရန် အဆိုပြုချက်ကိုရုရှားသံတမန်များက ၂၀၁၇ ခုနှစ်ကပင် ပထမဆုံးအကြိမ် စတင်အဆိုပြုခဲ့သည်။
သို့ရာတွင် အထက်ပါကွန်ဗင်းရှင်းကြောင့် အစိုးရများက အာဏာအလွဲသုံးစားပြုလုပ်မှုများ၊ အတိုက်အခံများအား နယ်စည်းကျော်ဖိနှိပ်မှုများ ရှိလာနိုင်ကြောင်း လူ့အခွင့်အရေးအုပ်စုများက ဝေဖန်ထားသည်။
အလားတူ ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေး ကုလသမဂ္ဂကွန်ဗင်းရှင်းကြောင့် ဆိုက်ဘာ လုံခြုံရေးသုတေသနပညာရှင်များကို ရာဇဝတ်မှုဖြင့် တရားစွဲဆိုမှုများ ရှိလာနိုင်ကြောင်း နည်းပညာ ကုမ္ပဏီများကလည်း သတိပေးထားသည်။
သို့ရာတွင် အထက်ပါကွန်ဗင်းရှင်း၌ နိုင်ငံ၆ဝ ကျော်ပါဝင်လက်မှတ်ရေးထိုးမှုကို အရေးကြီးသော ခြေလှမ်းအဖြစ် ကုလအကြီးအကဲ ဂူတာရက်စ်က ပြောကြားထားသည်။
ကိုးကား-ရိုက်တာ

image