အသက် ၁၅ နှစ် အရွယ်ရှိ ဘယ်လင်ဂမ် လက်သစ်အား ယခုရာသီတွင် ပထမဆုံးပွဲကစားခွင့် ပေးလာမယ့် ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာ
==================

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာဟာ ယခုရာသီတွင် လူငယ်ပြိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ ဆယ်ကျော်သက် ပါရမီရှင်မာဒီနီကိုးလ်ဂျာဇူလီကို ပထမအသင်းတွင် ပွဲကစားခွင့်ပေးလာဖို့ ရှိနေကြောင် သိရပါတယ်။

အသက် ၁၅ နှစ်အရွယ်သာ ရှိသေးတဲ့ ဂျာဇူလီဟာ အကယ်ဒမီတွင် ခြေစွမ်းပြကစားနေမှုနှင့်အတူ ပြီးခဲ့တဲ့လများအတွင်းတွင် ဥရောပထိပ်သီးကလပ်များရဲ့ စောင့်ကြည့်ခြင်းခံလာရသူလည်း ဖြစ်ပါတယ်။

The Sun ရဲ့ ဖော်ပြမှုအရ ချဲလ်ဆီးအသင်းတာဝန်ရှိသူများက ဂျာဇူလီကို သူ့သက်တမ်းအုပ်စုတွင် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ထားပြီး ရီးရဲလ်မက်ဒရစ်နှင့် အင်္ဂလန်ကွင်းလယ်ကစားသမားဂျူ့ဘယ်လင်ဂမ်နှင့် ကစားပုံတူကာ ဘယ်လင်ဂမ်လက်သစ်အဖြစ် သတ်မှတ်ထားကြပါတယ်။

ချဲလ်ဆီးနည်းပြမာရက်စ်ကာဟာ အေဂျက်စ်နှင့်ပွဲမတိုင်မီ ပထမအသင်းနှင့်အတူ ဂျာဇူလီကို လေ့ကျင့်ခန်းဆင်းခွင့်ပေးခဲ့ပြီး ဖြစ်ပါတယ်။

သူဟာ လာမယ့် ဇန်နဝါရီလတွင်မှ အသက် ၁၆ နှစ်ပြည့်လာမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးနည်းပြမာရက်စ်ကာဟာ ဂျာဇူလီသာ ယခုခြေစွမ်းအတိုင်း တိုးတက်နေမည်ဆိုပါက ရာသီမသိမ်းမီ ပထမအသင်းအတွက် ပထမဆုံးပွဲကစားခွင့်ပေးလာမှာ ဖြစ်ကြောင်း သိရပါတယ်။

သူဟာ အသက် ၁၅ နှစ်သာ ရှိသေးပေမယ့်လည်း အင်္ဂလန်ယူ-၁၇ အသင်းအတွက် ကစားခွင့်ရနေသူလည်း ဖြစ်ပါတယ်။
ယခုလအစောပိုင်းတုန်းက ဂျာဇူလီဟာ UEFA Youth League ပြိုင်ပွဲတွင် ပွဲထွက်ကစားကာ ချဲလ်ဆီးရဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့ပါတယ်။

ဂျာဇူလီဟာ နောက်ခံလူတစ်ဦးအဖြစ် ကစားသမားဘဝစတင်ခဲ့ပေမယ့်လည်း နောက်ပိုင်းတွင် အလယ်တန်းကစားသမားတစ်ဦးအဖြစ် ပြောင်းလဲကစားလာခဲ့တာပါ။

သူဟာ ဘောလုံးအမြင်ရှိမှု၊ တိကျတဲ့ ဘောလုံးပေးပို့မှု ပြုလုပ်နိုင်မှု၊ ဧရိယာအစပ်မှ ဂိုးကန်သွင်းနိုင်မှုသူ ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ အကယ်ဒမီထွက်ကစားသမားများကို ပထမအသင်းတွင် နေရာပေးတဲ့ ကောင်းမွန်တဲ့ သမိုင်းကြောင်း ပိုင်ဆိုင်တဲ့အသင်းပါ။

လက်ရှိအသင်းတွင် ပုံမှန်ကစားခွင့်ရနေတဲ့ အသင်းခေါင်းဆောင်ရီစီဂျိမ်းစ်၊ ထရီဗိုချာလိုဘာတို့မှာ အကယ်ဒမီထွက်များ ဖြစ်ကြပါတယ်။

ဒါပေမယ့် မာရက်စ်ကာဟာ အေဂျက်စ်နှင့်ပွဲတွင် တိုင်ရီကေးဂျော့၊ ဂျို့စ်အေချီယမ်ပွန်အပါအဝင် အကယ်ဒမီထွက်များကို နေရာပေးခဲ့ပါသေးတယ်။

imageimage