1 ပတ် - ဘာသာပြန်ပါ။

အီတလီလူနေမှုဘဝတွင် အထိုင်မကျမှုနှင့်အတူ ပရီးမီးယားလိဂ်သို့ ပြန်လာဖို့ ရှိနေတဲ့ စကော့မက်တိုမီနေး
======================

စကော့မက်တိုမီနေးဟာ အီတလီတွင် ကွင်းပြင်ပ လူနေမှုဘဝတွင် အသားကျရန် ရုန်းကန်နေရမှုနှင့်အတူ ပရီးမီးယားလိဂ်သို့ တကျော့ပြန်လာဖို့ ရှိနေပါတယ်။

စကော့တလန်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက ယူနိုက်တက်မှာ နာပိုလီသို့ ပြောင်းရွှေ့ပြီးနောက် စီးရီးအေဖလား ဆွတ်ခူးနိုင်အောင် အဓိကနေရာမှ ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ပထမဆုံးရာသီတွင် ၁၂ ဂိုးအထိ သွင်းနိုင်ခဲ့ပြီး စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အပြင် Ballon d'Or စာရင်းတွင် အဆင့် ၁၈ နေရာမှာ ချိတ်ခဲ့ပါတယ်။

အသက် ၂၈ နှစ်ရှိ ယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်းဟာ ယခုရာသီတွင်လည်း ၄ ဂိုးသွင်းယူထားကာ အကောင်းဆုံးပုံစံ ဆက်လက်ပြသနေပါတယ်။

စကော့မက်တိုမီနေးဟာ နာပိုလီပရိသတ်များရဲ့ ချစ်ခင်မြတ်နိုးမှု ရရှိပြီး နတ်ဘုရားတစ်ပါးလို ဆက်ဆံခြင်းခံရပေမယ့်လည်း အီတလီယဉ်ကျေးမှုနှင့် အသားကျရန် ရုန်းကန်နေရမှုနှင့်အတူ ပရီးမီးယားလိဂ်သို့ ပြန်လာကစားရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။

image