ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံအနီး တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ကျောင်းရှေ့(ဓမ္မာရုံ) ကားမှတ်တိုင် တွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်မှု မကြာခဏဖြစ်ပွားလျက်ရှိပြီး ရန်ပြုခံရမည်ကိုစိုးရိမ်၍ သိရှိသူများလည်း နှုတ်ဆိတ်နေရ

ကမာရွတ်မြိုနယ်၊ လှည်းတန်းလမ်းဆုံအနီး တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ကျောင်းရှေ့(ဓမ္မာရုံ)ကားမှတ်တိုင်တွင်တွင် အုပ်စုဖွဲခါးပိုက်နှိုက်မှုမကြာခဏဖြစ်ပွားလျက်ရှိပြီး ရန်ပြုခံရမည်ကိုစိုးရိမ်၍ ခါးပိုက်နှိုက်နေသည်ကို သိရှိသူများလည်း နှုတ်ဆိတ်နေရကြောင်း YBS‌ နေ့စဉ်စီးနင်သူပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ အုပ်စုဖွဲခါးပိုက်နှုက်သူများသည်YBS ယာဉ်ပေါ်တွင် နေ့စဉ်သွားလာသည့်ဝန်ထမ်းများသဖွယ် ဝတ်ဆင်ကာ ဖုန်းများကို အဓိကပစ်မှတ်ထားနှိက်ယူခြင်းဖြစ်ပြီး တစ်ခါတစ်ရံတွင် YBS ယာဉ်ပေါ်မတက်မီ အပေါက်ဝတွင်ပင် ပေါ်တင်လုယူမှုများပင်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်များကို မြင်တွေ့မိသည်သူများအနေဖြင့် ကမာရွတ်မြိုနယ်ရဲစခန်းသို ဆက်သွယ်၍ အရေးယူပေးရန်တိုင်ကြားခဲ့မှုများရှိခဲ့သော်လည်း ထိရောက်သောအရေးယူမှုမရှိသေးဘဲ ခါးပိုက်နှိက်များဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
YBS စီးနင်းသူ ပြည်သူတစ်ဦးက " ပြောရရင် ဒီနေ့(အောက်တိုဘာ ၂၇ ရက်)မနက်ပိုင်းမှာတောင် ခါးပိုက်နှိက်ခံရတဲ့ နှစ်ယောက်တောင်တွေ့ခဲ့တယ်။ မနက် ၉ နာရီလောက်ဆိုတော့ ရန်ကုန်တက္ကသိုလ်ကျောင်းရှေ့က ဓမ္မာရုံမှတ်တိုင်မှာ လိုင်းကားစောင့်နေတဲ့သူတော်တော်များတယ်။ YBS 60 ယာဉ်လိုင်းပေါ်ကို တက်မဲ့လူတွေထဲမှာ ကောင်းလေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ဖုန်းအနှိက်ခံလိုက်ရတယ်။ အကုန်လုံးကလည်း အလုပ်သွားမဲ့သူတွေဆိုတော့ သေချာတော့ မကူညီပေးနိုင်ခဲ့ဘူး။ ဖုန်းအနှိက်ခံရတာကို သိသိချင်းအော်ပြောပေးမဲ့ ဘယ်သူဘယ်ဝါဆိုတာ မသိတော့ ဖုန်းပါသွားတယ်။ ကောင်မလေးက ပက်စ်ပိုစ်သွားလုပ်မလိုထင်တယ်။ ဒီနားမှာ ပက်စ်ပိုလာလုပ်တဲ့ ကလေးတွေ ခဏခဏခါးပိုက်နှိက်ခံရတယ်။ ငိုမဲ့မဲ့ဖြစ်သွားတော့ တကယ်စိတ်မကောင်းဘူး။ ခါးပိုက်နှိက်တဲ့ကောင်တွေ ရန်လုပ်မှာဆိုးတော့ မြင်တဲ့သူတွေလည်း မပြောရဲကြဘူး။ သက်ဆိုင်ရာက ဒီတိုင်းလွှတ်မထားဘဲ အရေးယူပေးဖို လိုအပ်နေပါပြီ " ဟုပြောကြားခဲ့သည်။

အုပ်စုဖွဲခါးပိုက်နှိက်သူများသည် အဆိုပါဓမ္မာရုံမှတ်တိုင်မှ မြန်မာပလာဇာမှတ်တိုင်အထိ ကြားမှတ်တိုင်များတွင် ခါးပိုက်နှိက်မှုကျုးလွန်ကြပြီး YBS အများပြည်သူပိုဆောင်ရေးယာဉ်လိုင်းများ စီးနင်းမှုများပြားသည့် နံနက်ပိုင်း အလုပ်သွားချိန်နှင့် ညနေပိုင်း အလုပ်ပြန်သည့်အချိန်များတွင် ပိုမိုကျူးလွန်ကြကြောင်း သိရသည်။

YBS နေ့စဉ်စီးနင်းသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးက " ကျွန်တော်တို ကမာရွတ်ရဲစခန်းကို ဖုန်းဆက်ပြီး အကူညီတောင်းဖူးတယ်။ ဒီမှတ်တိုင်မှာ ခါးပိုက်နှိက်ခံရတာတွေ ခဏခဏဖြစ်နေလိုပါဆိုပြီး။ တစ်ချိုမိန်းကလေးတွေဆို တစ်ယောက်ထဲ ကားမစီးရဲတဲ့အထိဖြစ်တာရှိတယ်။ နေ့စဉ် ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေရှိတယ်။ ဝန်ထမ်းတွေ၊ အလုပ်သမားတွေရှိတယ်။ အကြောင်းကိစ္စရှိလို ပတ်စ်ပို့ရုံးလာကြတဲ့သူတွေရှိတယ်။ အကုန်လုံးက သာမန်ပြည်သူတွေပဲ။ ပိုက်ဆံချမ်းသာတဲ့သူမပါဘူး။ သာမန်ပြည်သူတစ်ယောက်အတွက် ဖုန်းတစ်လုံးဟာ ဘယ်လောက်အရေးပါလဲဆိုတာ အားလုံးသိပါတယ်။ သာမန်အလုပ်သမားတစ်ယောက် တစ်လစာလောက် အနည်းဆုံးသုံးမှ အသင့်အတင်ဖုန်းတစ်လုံးရတာ။ အဲဒီတော့ ဖုန်းပါသွားပြီဆိုရင် ကိုယ့်ရဲ့တစ်လစာအခိုးခံရတာနဲ့အတူတူပဲ။ ပြီးတော့ မှတ်ထားတဲ့ဒေတာတွေ၊ ဓာတ်ပုံတွေ၊ ဖုန်း Contacts တွေ အကုန်ဆုံးရှုံးကုန်တယ် " ဟု ပြောကြားခဲ့သည်။

ခါးပိုက်နှိုက်ကျူးလွန်သူများကို ဖမ်းဆီးအရေးယူပေးရန် တောင်းဆိုမှုများရှိနေပြီး လှည်တန်းလမ်းဆုံတွင် သာမက လူဦးရေးထူထပ်သည့် နေရာများတွင် ခါးပိုက်နှိုက်များလှည့်လည် ကျင်လည်လျက်ရှိကြောင်း သိရသည်။

image