စမ်းချောင်းမြို့နယ်တွင် အမျိုးသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျ

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် အမျိုးသားတစ်ဦး တိုက်ပေါ်မှ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ပြုတ်ကျခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၆ ရက် နံနက် ၆ နာရီ ၂၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ရှမ်းကုန်းလမ်းတွင် နေအိမ်ပေါ်မှ လူတစ်ဦးပြုတ်ကျပြီး တိုက်ဘေးရှိ စရီစရီကာလီမယ်တော်ဘုရားကျောင်းအမိုးပေါ်တွင် တင်နေကြောင်းသတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ 191ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပြီးနောက် နံနက် ၆ နာရီ ၅၆ မိနစ်ခန့်တွင် ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသား တစ်ဦးအား အနာဂတ်အလင်းတန်းပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

image