ဥက္ကဌရဲ့ ကလပ်သမိုင်းတွင် အကြီးကျယ်ဆုံးနည်းပြလို့ ချီးကျူးခံခဲ့ရပေမယ့် ထုတ်ပယ်ခြင်းခံလာရတဲ့ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ သား
===================

ဆာအဲလက်စ်ဖာဂူဆန်ရဲ့သား ဒါရင်းဟာ ပီတာဘရော့ချ်ယူနိုက်တက်ရဲ့ ထုတ်ပယ်ခြင်းခံလာရပြီ ဖြစ်ပါတယ်။

အသက် ၅၃ နှစ်ရှိ ဒါရင်းဟာ လိဂ် ၁ ၁၃ ပွဲကစားပြီးချိန်တွင် ရမှတ် ၁၀ မှတ်တည်းသာ ရယူထားနိုင်ပြီး အမှတ်ပေးဇယားကြမ်းခင်းမှာ ရပ်တည်နေရပြီးနောက် ထုတ်ပယ်ခြင်းခံလာရတာလည်း ဖြစ်ပါတယ်။

ပီတာဘရော့ချ်ဟာ တန်းဆင်းဇုန်ပြင်ပမှ အသင်းနှင့် ရမှတ် ၃ မှတ်ကွာဟနေသလို ဂိုးအနုတ် ၁၂ ဂိုးအထိ ရရှိထားတဲ့အသင်းပါ။
ပီတာဘရော့ချ်ဟာ နောက်ဆုံး ၅ ပွဲတွင် ၃ ပွဲ ရှုံးနိမ့်ထားပြီး ဘလက်ပူးလ်ကို ရှုံးနိမ့်ပြီးနောက်မှာတော့ နည်းပြဒါရင်းကို ထုတ်ပယ်ရန် ဆုံးဖြတ်လာခဲ့ပြီ ဖြစ်ပါတယ်။

ပီတာဘရော့ချ်ဥက္ကဌဒါရစ်ချ်မက်အန်တိုနီက ဒါရင်းဖာဂူဆန်မှာ ကလပ်သမိုင်းတွင် အကြီးကျယ်ဆုံးနည်းပြဖြစ်ကြောင်း ချီးကျူးခဲ့ပေမယ့်လည်း လမ်းခွဲဖို့ အချိန်ထပ်မံ ကျရောက်လာပြီ ဖြစ်ကြောင်း ဆိုသွားပါတယ်။

ဒါရင်းဖာဂူဆန်ဟာ ပီတာဘရော့ချ်အသင်းကို ၄ ကြိမ်တိုင်တိုင် ကိုင်တွယ်လာခဲ့သူ ဖြစ်ပြီး ကလပ်ကို ၆၇၈ ပွဲ ကိုင်တွယ်ထားသူလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် တကျော့ပြန်ရောက်လာခဲ့တဲ့ ဒါရင်းဟာ ပီတာဘရော့ချ်ကို EFL Trophy ၃ ကြိမ် ရယူပေးထားကာ ချန်ပီယံရှစ်သို့ ၃ ကြိမ် ပို့ဆောင်ပေးထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ဒွန်ကက်စတာရိုဗာကိုလည်း ၂၀၁၇ ခုနှစ်တုန်းက လိဂ် ၁ သို့ တန်းတက်နိုင်အောင် ဦးဆောင်ပေးခဲ့ဖူးပါတယ်။

image
image
image