1 ပတ် - ဘာသာပြန်ပါ။

အသက် ၅၀ အရွယ်တွင် ဂိုးသွင်းပြီး အင်္ဂလန်လိဂ် ၁၀ ခုလုံးတွင် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာတဲ့ ပရီးမီးယားလိဂ်စတားဟောင်း
======================

ဂျေမီကူရီတွန်ဟာ အသက် ၅၀ နှစ်အရွယ်မှာ အင်္ဂလန်ဘောလုံးသမိုင်းမှာ ဘယ်သူမှ မရေးထိုးနိုင်သေးတဲ့ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူလာပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်သုံးခုကျော်တုန်းက ကစားသမားဘဝစတင်ခဲ့တဲ့ ကူရီတွန်ဟာ ယခု အသက် ၅၀ နှစ်အရွယ်သို့ ရောက်တဲ့အချိန်အထိ ဒဿမတန်းလိဂ်ကလပ် Kings Park Rangers မှာ ခြေစွမ်းပြနေတုန်း ဖြစ်ပါတယ်။

ဝါရင့်တိုက်စစ်မှူးကြီးဟာ စနေနေ့တုန်းက Dussindale & Hellesdon Rovers နှင့်ပွဲမာ Half-Volley ကန်ချက်ဂိုးဖြင့် ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယင်းဂိုးက ကူရီတွန်အတွက် Eastern Counties League Division One North မှာ ပထမဆုံးသွင်းယူတဲ့ ဂိုးဖြစ်သလို သူဟာလည်း အင်္ဂလိပ်ထိပ်တန်းလိဂ် ၁၀ ခုလုံးတွင် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။

ယခင်တုန်းက အင်္ဂလန်ဘောလုံးသမိုင်းမှာ ဘယ်ကစားသမားမှ မလုပ်ပြနိုင်ခဲ့တဲ့ စံချိန်လည်း ဖြစ်ပါတယ်။

ကူရီတွန်ဟာ ဆယ်ကျော်သက်ကစားသမားဘဝတုန်းက နော့ဝှစ်ချ်နှင့်အတူ ပရီးမီးယားလိဂအတွေ့အကြုံရရှိခဲ့သူ ဖြစ်ပါတယ်။
သူဟာ တောင်ကိုရီးယားသို့ ကာလတို သားကစားမှုအတွက် ဘောလုံးခရီးသားတစ်ဦး ဖြစ်ပါတယ်။

ကူရီတွန်ရဲ့ နောက်ဆုံး EFF ပွဲကစားတာက ၂၀၁၆ ခုနှစ်တုန်းက Dagenham & Redbridge မှာ ကစားခဲ့တာပါ။ ထိုစဉ်တုန်းက အသက် ၄၀ နှစ်ရှိ ကူရီတွန်ဟာ ၉ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ယင်းနောက် သူဟာ Bishop’s Stortford၊ Hornchurch နှင့် Maldon & Tiptree တို့မှာ ကစားခဲ့ပါတယ်။

သူဟာ စီနီယာပွဲပေါင်း တစ်ထောင်ကျော် ကစားထားရာမှာ ဂိုး ၄၀၀ နီးပါး သွင်းထားနိုင်ပါတယ်။

သူဟာ အင်္ဂလန်လူငယ်လက်ရွေးစင်ကစားသမားအဖြစ် ၁၉၉၀ ခုနှစ်အစောပိုင်းတွေတုန်းက ကျင်လည်ခဲ့သလို အပျော်တမ်းလိဂ်မှာလည်း ကစားသမား/နည်းပြအဖြစ် ကျင်လည်ခဲ့သူပါ။

သူဟာ အကောင်းဆုံးကာလကို ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်ပေမယ့်လည်း တတ်နိုင်သလောက် ဘောလုံးဆက်ကစားဖို့ ဆုံးဖြတ်ထားသူလည်း ဖြစ်ပါတယ်။

image
image
image