1 ပတ် - ဘာသာပြန်ပါ။

ပွဲကောက် ရေတံခွန် အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သူ (၂ ဒဿမ ၅) သန်း ပြည့်

ပြင်ဦးလွင် - လားရှိုး ကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန်အပန်ဖြေးစခန်းသို့ လာရောက်လည်ပတ်သည့် ဧည့်သည်ဝင်ရောက်မှုသည် ယမန်နေ့ အောက်တိုဘာ (၂၆) ရက်က (၂ ဒဿမ ၅) သန်းပြည့်မြောက်ခဲ့ကြောင်း သိရသည်။

ဧည့်သည်ဝင်ရောက်မှု (၂ ဒသမ ၅) သန်းပြည့်မြောက်ခဲ့ပြီး ထိုသို့ပြည့်မြောက်သည့် ဧည့်သည်အားအမှတ်တရဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ဧည့်သည်သည် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှ ဒေါ်သင်းပပထွန်းဖြစ်ပြီး ဧည့်သည်အား ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) မှ တာဝန်ရှိသူများက အမှတ်တရအဖြစ် လက်ဆောင်ပန်းစည်း၊ ဂုဏ်ပြု Trophy ၊ အပန်းဖြေစခန်းသို့ တစ်နှစ်စာ အခမဲ့ဝင်ရောက်ခွင့် (Gold Card) နှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည့်အပြင် ဧည့်သည်နှင့်ပါရှိလာသူများအား အပန်းဖြေစခန်းနှင့် မှန်တံတားဝင်ခွင့်၊ Sky Cable Car စီးနင်းမှုနှင့် ဘာဂီစီးနင်းလည်ပတ်ခြင်းများ အခမဲ့စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) အား နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်းတစ်ခုအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image
image
image
image
image