လှည်းကူးတန်ဆောင်တိုင်ပွဲတော် (၁၂)ရက်ကြာ ကျင်းပမည်

လှည်းကူးမြို့၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တန်ဆောင်တိုင်ပွဲတော်ကို (အောက်တိုဘာ ၂၇ ) ယနေ့မှ စတင်ကာ (၁၂)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုတကြိမ်ကျင်းပသည့် ပွဲတော်သည် (၇၇)ကြိမ်မြောက် ကျင်းပခြင်းလည်း ဖြစ်သည်။

ထိုပွဲတော်တွင် လှည်းကူးမြို့ ကျက်သရေဆောင် ငါးထပ်ကြီးဘုရားမှ နှစ်ကျိပ်ရှစ်ဆူဘုရားများကို ရပ်ကွက်အလိုက် ပင့်ဆောင်ကာ ဒေသာစာရီကြွချီသည့် အစဉ်အလာရှိသည်ဟု သိရသည်။

"ဒီနှစ်တော့ အရင်ကိုဗစ်မဖြစ်ခင်တုန်းကလိုပဲ ရပ်ကွက်အလိုက် ပင့်မယ် လှည့်မယ်လို့ ကြားပါတယ်။ အရင်နှစ်တွေကတော့ နှစ်ကျိပ်ရှစ်ဆူအကုန် ကားတစ်စီးနဲ့ ပင့်ခဲ့ရတယ်" ဟု နီးစပ်သည့် မြို့ခံတစ်ဦးကပြောသည်။

တန်ဆောင်တိုင်ပွဲတော်တွင် ပျော်ပွဲရွှင်ပွဲအစီစဉ်များလည်းပါဝင်ပြီး ကပွဲသဘင်များ၊ ရိုးရာမုန့်များ၊ ဈေးတန်းများလည်း ပါဝင်မည်ဟု သိရသည်။

image
image
image
image