1 ပတ် - ဘာသာပြန်ပါ။

ဆီစက်လုပ်ငန်းများကို ပုဂ္ဂလိကဘဏ်များပါ ထုတ်ချေးရေးဆွေးနွေး

ဆီစက်လုပ်ငန်းများကို နိုင်ငံပိုင်ဘဏ်များအပြင် ပုဂ္ဂလိကဘဏ်များတွင်ပါ ငွေချေးပေးနိုင်ရေးကို ဆွေးနွေးနေကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုရေး ချေးငွေစီမံခန့်ခွဲမှုအဖွဲ့၏ အစည်းအဝေးတွင် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အများဆုံးချေးငွေကျပ်သိန်း (၃,၀၀၀) ချေးနေရာမှ သိန်း (၅,၀၀၀) အထိ တိုးမြှင့်ချေးနိုင်ရန် ကုမ္ပဏီအစုအဖွဲ့များ၊ ဆီစက်အကြီးများ၊ စက်အသစ်တည်ဆောက်ခြင်း၊ တိုးချဲ့တပ်ဆင်ခြင်းအတွက် ငွေကျပ်သိန်း(၁၀,၀၀၀)ထိ တိုးမြှင့်ထုတ်ချေးရန်အတွက်လည်း ဆွေးနွေးနေကြောင်း သိရသည်။

ပြည်တွင်းရှိ ဆီစက်များအား အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံး ရင်းနှီးလည်ပတ်ငွေလိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများကို ထုတ်ချေးပေးလျက်ရှိသည်။

ချေးငွေအတိုးနှုန်းမှာ (၁) နှစ်လျှင် (၅ ရာခိုင်နှုန်း) ဖြင့် ချေးငွေသက်တမ်းမှာ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေအတွက် (၁) နှစ်ဖြစ်ပြီး မတည်ရင်းနှီးငွေအတွက် (၃) နှစ်အတွင်း (၃) ရစ်ဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

image