လှောင်ပြောင်တဲ့ ပရိသတ်ကို ဒေါသတကြီး တုံ့ပြန်မှုနှင့်အတူ အနာဂတ်အတွက် ဖိအားများလာတဲ့ ဝုဗ်နည်းပြ
====================

ဝုဗ်နည်းပြဗစ်တာပီရီရာဟာ လှောင်ပြောင်မှု ပြုလုပ်တဲ့ ပရိသတ်များအား ဒေါသတကြီး တုံ့ပြန်မှုနှင့်အတူ အနာဂတ်နှင့်ပတ်သက်ပြီး ဖိအားများ ပိုမို ကျရောက်လာပါတယ်။

အသက် ၅၇ နှစ်ရှိ ပေါ်တူဂီလူမျိုးနည်းပြဟာ ယခုရာသီ ပရီးမီးယားလိဂ်နိုင်ပွဲ တစ်ပွဲမျှ ရယူနိုင်ခြင်း မရှိသေးပါဘူး။
သူဟာ တနင်္ဂနွေနေ့မှာတော့ အဆိုးရွားဆုံးကြုံခဲ့ရပါတယ်။

ဝုဗ်ဟာ အိမ်ကွင်းမှာ ဘန်လေကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်နေရာကနေ ၂ ဂိုးစီသရေကျအောင် လုပ်ဆောင်နိုင်ခဲ့ပေမယ့်လည်း လိုင်လီဖော်စတာရဲ့ ၉၅ မိနစ်ဂိုးကြောင့် ၂-၃ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။

ယင်းရလဒ်ကြောင့် ဝုဗ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၉ အပြီးမှာ ရမှတ် ၂ မှတ်ဖြင့် အမှတ်ပေးဇယားကြမ်းခင်းမှာ ရပ်တည်လာရပါတယ်။

ပွဲအပြီးတွင် ပရိသတ်များဟာ ကစားသမားများကို လှောင်ပြောင်မှု ပြုလုပ်ခဲ့ကြပြီး အသင်းခေါင်းဆောင်ဂျော်ဂျင်စထရင်းဟာ South Bank သို့ သွားရောက်ကာ ပရိသတ်များကို တောင်းပန်ခဲ့ပါတယ်။

တဖက်တွင် ပီရီရာဟာ 'မနက်ဆိုရင် အထုတ်ခံရတော့မယ်'ဆိုပြီး ပရိသတ်များရဲ့ လှောင်ပြောင်မှု ကြုံခဲ့ရပါတယ်။

ပီရီရာဟာ ပရိသတ်များရဲ့ လှောင်ပြောင်မှုအား ဒေါသတကြီး ပြန်လည်အော်ဟစ်ခဲ့ပြီး ဝုဗ်နည်းပြအဖွဲ့ဝင်များရဲ့ ဝင်ထိန်းခြင်းခံခဲ့ရပါတယ်။

ပေါ်တူဂီလုမျိုးနည်းပြဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက အဆင့် ၁၉ နေရာတွင် ရှိနေတဲ့ ဝုဗ်ကို ပရီးမီးယားလိဂ်တွင် ဆက်လက် ရှင်သန်နိုင်အောင် ဦးဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ရာသီအစ ၄ ပွဲဆက် အရှုံးနှင့် ကြုံရကာ ရလဒ်ဆိုးရွားနေပေမယ့်လည်း စက်တင်ဘာလ ၁၈ ရက်နေ့တုန်းက ဝုဗ်နှင့် ၃ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့သူလည်း ဖြစ်ပါတယ်။

image