မြန်မာနိုင်ငံတော်ယာယီသမ္မတ နေပြည်တော်၌ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်တည်ဆောက်ရေးနေမှုများကိုကြည့်ရှုစစ်ဆေး
မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ အောက်တိုဘာ ၂၆ ရက်နံနက်ပိုင်းက နေပြည်တော်အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
မြို့တော်ခန်းမအနီး ပြည်သူ့ရင်ပြင်နှင့် ဖျော်ဖြေရေးရင်ပြင်တည်ဆောက်နေမှုနှင့် ပျဉ်းမနား-တောင်ညို ၈ လမ်းသွားလမ်းဖောက်လုပ်နေမှု၊ ထိခို-က်ပျ-က်စီးခဲ့မှုအားပြုပြင်ဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး ပြည်သူ့ရင်ပြင်နှင့် ဖျော်ဖြေရေးရင်ပြင်အတွင်း မြန်မာ့ရိုးရာပွဲတော်များ၊ အခမ်းအနားများကျင်းပနိုင်ရေးဆောင်ရွက်ရန်၊ မြန်မာ့သမိုင်းဝင် အထင်ကရပုဂ္ဂိုလ်ကြီးများ၏ ရုပ်တုများ၊ နိုင်ငံတော်နှင့် သက်ဆိုင်သည့် အထိမ်းအမှတ်ရုပ်တုများကိုလည်း ထည့်သွင်းတည်ဆောက်နိုင်ရေးဒီဇိုင်းရေးဆွဲရန်၊ ဗိုလ်ရှုခံစင်မြင့်နှင့် စင်မြင့်မျက်နှာစာနေရာတို့အား အဆင့်မြှင့်တင်နိုင်ရေး ဆန်းစစ်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ထို့ပြင် ငလျင်ဒ-ဏ်ကြောင့် ထိခို-က်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်ဝန်းအတွင်းရှိ လွှတ်တော်အဝင်အမှတ်(၁)တံတား၊ မုခ်ဦးဆောင်ပြုပြင်ပြီးစီးမှု၊ ပြည်ထောင်စုလွှတ်တော်အဆောက်အဦးပြုပြင်ပြီးစီးမှုတို့ကိုကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တံတားတစ်စင်းတွင် ခန်းဖွင့်(၅)ခုပါဝင်ပြီး ခန်းဖွင့်(၁)ခုလျှင် အလေးချိန်(၁,၅၀၀)တန်ခန့်ရှိ၍ တံတားတစ်စင်းလုံး၏ စုစုပေါင်းအလေးချိန် (၇,၅၀၀) တန်ခန့်အား Synchronise jack အသုံးပြုသည့် ခေတ်မီနည်းပညာဖြင့်ပင့်တင်ကာပြုပြင်ခဲ့မှုနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြပြီးနောက် ယာယီသမ္မတမှ ပြည်သူ့ရင်ပြင်နှင့် ဖျော်ဖြေရေးရင်ပြင်တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ရာဇသင်္ဂဟလမ်းပေါ်၌ နေပြည်တော်မြို့အ ဝင်မုခ်ဦးတည်ဆောက်ရန်လျာထားနေရာ၊ ရာဇသင်္ဂဟလမ်းမကြီးမှ နေပြည်တော်လေဆိပ်လမ်း၊ ရန်ကုန်-မန္တ လေးလမ်းဟောင်းနှင့် နေပြည်တော်အတွင်းတို့အားကြည့်ရှုစစ်ဆေးခဲ့ပြီး ဗိုလ်ရှုခံစင်မြင့်နေရာ၌ ပြုပြင်မှုများဆောင်ရွက်ရာတွင် အဆင့်အလိုက် စနစ်တကျဆောင်ရွက်ရန်၊ ရေရှည်တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေးဆောင်ရွက်ရန်၊ အမြင်အားဖြင့် ကောင်းမွန်ရုံမဟုတ်ဘဲ ခိုင်ခိုင်ခံ့ခံ့ဖြစ်စေရေးပြုပြင်ဆောင်ရွက်ရန်၊ ထိခို-က်ပျ-က်စီးခဲ့မှုများနှင့် ပြန်လည်ပြုပြင်တည် ဆောက်မှုအခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်း စနစ်တကျမှတ်တမ်းထားရှိရန်တို့ကို မှာကြားခဲ့ပြီးနောက် လွှတ်တော်ဝန်းအတွင်းအဆောက်အဦးများနှင့် လမ်းတံတားများပြန်လည်ပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။


+4

