1 ပတ် - ဘာသာပြန်ပါ။

Synchronise jack အသုံးပြုသည့် ခေတ်မီနည်းပညာဖြင့်ပင့်တင်ပြုပြင်ခဲ့သည့် လွှတ်တော်အဝင်အမှတ်(၁) တံတားအပါအဝင် လွှတ်တော်ဝင်းအတွင်းအား ယာယီသမ္မတကြည့်ရှုစစ်ဆေး

Synchronise jack အသုံးပြုသည့် ခေတ်မီနည်းပညာဖြင့်ပင့်တင်ပြုပြင်ခဲ့သည့် လွှတ်တော်အဝင်အမှတ်(၁)တံတားအပါအဝင် ပြန်လည်ပြုပြင်မှုများပြုလုပ်လျက်ရှိသည့် လွှတ်တော်ဝင်းအတွင်းအား မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ အောက်တိုဘာ ၂၆ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ငလျင်ဒ-ဏ်ကြောင့် ထိခို-က်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်ဝန်းအတွင်းရှိ အဆောက်အဦးများပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးမှု၊ လွှတ်တော်အဝင်အမှတ်(၁)တံတားနှင့် မုခ်ဦးဆောင်ပြုပြင်ပြီးစီးမှု၊ ပြည်ထောင်စုလွှတ်တော်အဆောက်အဦပြုပြင်ပြီးစီးမှု၊ လွှတ်တော်ဝန်းအတွင်းအဆောက်အဦးများနှင့် လမ်းတံတားများပြန်လည်ပြုပြင်ဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် ပြုပြင်မှုများဆောင် ရွက်ရာတွင် အဆင့်လိုက်စနစ်တကျဆောင်ရွက်ရန်၊ ရေရှည်တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေး ဆောင်ရွက်ရန်၊ အမြင်အားဖြင့်ကောင်းမွန်ရုံမဟုတ်ဘဲ ခိုင်ခိုင်ခံ့ခံ့ဖြစ်စေရေးပြုပြင်ဆောင်ရွက်ရန်၊ ထိခို-က်ပျ-က်စီးခဲ့မှုများနှင့် ပြန်လည်ပြုပြင်တည်ဆောက်မှုအ ခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို စနစ်တကျမှတ်တမ်းထားရှိရန်တို့အား မှာကြားခဲ့သည်။

အဆိုပါ ပြုပြင်နေမှုများနှင့်ပတ်သက်၍ ယာယီသမ္မတအား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပြည်ထောင်စုလွှတ်တော်အဆောက်အဦးခန်းမအတွင်း၌ ငလျင်ဒ-ဏ်ကြောင့်ထိခို-က်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်ဝန်းအတွင်းရှိ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အဆောက်အဦးတို့အပါအဝင် အခြားအထောက်အကူပြု အဆောက်အဦးများ၊ လမ်းတံတားများ၊ ခြံစည်းရိုးနှင့် မြေထိန်းနံရံများ ထိခို-က်ပျ-က်စီးခဲ့မှု၊ ဦးစားပေးအဆင့်သတ်မှတ်ချက်များအလိုက် ပြုပြင်ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။

ငလျင်ဒ-ဏ်ကြောင့် လွှတ်တော်အဝင်အမှတ်(၁)တံတားသည် တံတားထိခို-က်ပျ-က်စီးမှုနှင့် ရွှေ့လျားမှုများဖြစ်ပေါ်ခဲ့သဖြင့် ပြန်လည်ပြုပြင်ရာ၌ တံတားတစ်စင်းတွင် ခန်းဖွင့်(၅)ခုပါဝင်ပြီး ခန်းဖွင့်(၁)ခုလျှင် အလေးချိန် (၁,၅၀၀)တန်ခန့်ရှိသဖြင့် တံတားတစ်စင်းလုံး စုစုပေါင်းအလေးချိန်(၇,၅၀၀)တန်ခန့်အား Synchronise jack အသုံးပြုသည့် ခေတ်မီနည်းပညာဖြင့်ပင့်တင်၍ ပြုပြင်ခဲ့ခြင်းဖြစ်သည်။

image