1 ပတ် - ဘာသာပြန်ပါ။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ တတိယအကြိမ်ပြင်ဆင်သည် နည်းဥပဒေထုတ်ပြန်
ရွေးကောက်ပွဲ အသုံးစရိတ်များကို ပြင်ဆင်သတ်မှတ်ပေးခြင်းဖြစ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံရေးပါတီများမှတ်ပုံတ င်ခြင်းနည်း ဥပဒေများကို တတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများကိုအောက်တိုဘာ(၂၆)ရက် ရက်စွဲဖြင့် ထု တ်ပြန် ကြေညာထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်း ဥပဒေ ပုဒ်မ(၂၁) ပါ "ငွေကျပ်သိန်း (၁၅၀) ဆိုသည့် စကားရပ်ကို ငွေကျပ် သိ န်း(၃၀၀) ဖြင့် လည်းကောင်း၊ ငွေကျပ်သိ န်း (၃၀၀) ဆိုသည့် စကားရပ်ကို ငွေကျပ်သိန်း (၅၀၀)ဆိုသည့် စကားရပ်ဖြင့် အ သီးသီးအစားထိုးပြင်ဆင်ခဲ့ခြင်းဖြစ်သ ည်။

ယခုပြင်ဆင်မှုသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်း ဥပဒေများ အခန်း(၄) ပါတီ ရန်ပုံငွေ ငွေကြေးပစ္စည်းများ ထိ န်းသိမ်းခြင်း သုံးစွဲခြင်း အခန်းတွင်ပါဝင်ပြီး ရွေးကောက်ပွဲ အသုံးစရိတ်များများကို ယခုပြင်ဆင်ချက်အရ တိုးမြှင့် သ တ်မှတ်ပေးခြင်းလည်း ဖြစ်သည်။

ပုဒ်မ (၂၁) အရ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ် နှင့် တို င်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးစီအတွက် ရွေးကောက်ပွဲ အသုံးစရိတ်ကို ကျပ်သိန်း (၃၀၀)ထိ တိုးမြှင့်သတ်မှတ်ပေးခြင်းဖြစ်ကြောင်း သိရသ ည်။
ထို့အတူ တိုင်းရင်းသားလူမျိုးဝန်ကြီးနေရာပြိုင်ကြမည့် လွှ တ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးစီအတွက် ငွေကျပ်သိန်း(၃၀၀) မှ ကျပ်သိန်း(၅၀၀)အထိ တိုးမြှင့်သတ်မှတ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

image