1 ပတ် - ဘာသာပြန်ပါ။

ကြက်အစာကောက်သလို ရှာဖွေပါ
--------------------------------------
ကိုယ်က ငွေကို ခိုင်းစားချင်ရင်
ငွေက ကိုယ့်ကို ခိုင်းတာကို အရင်ခံရတယ်။
ငွေ ခိုင်းတာကိုလည်း ခံနိုင်ရည်ရှိရပါမယ်။
ငွေက ကိုယ့်ကို ခိုင်းတယ်ဆိုတာ
ငွေ မရှိလို့ ရရာအလုပ် လုပ်ပြီး
ငွေစုရတဲ့ အချိန်တွေပါ တနည်းအားဖြင့်
ငွေက ကိုယ့်ကို ခိုင်းစားတဲ့ ကာလတွေပဲပေါ့။
အဲ့ဒီအချိန်ကာလတွေမှာ
ငွေကို ကြက်အစာကောက်သလို ရှာဖွေရမယ်။
စုဆောင်းရမယ်။
အဲဒီကာလတွေမှာ ငွေရဖို့အတွက်နဲ့
ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေ
လွတ်လပ်ခွင့်တွေ အများကြီးကို
စတေးပစ်ရတတ်တယ်။
အဲဒီကာလကို ဖြတ်ကျော်ပြီးလို့
ငွေအရင်းနှီးတွေ
အဆက်အသွယ်တွေ ရသွားရင်တော့
ငွေရှာရတာ အရင်လောက်
မခက်တော့တာတော့ အမှန်ပဲ။
ရှိထားတဲ့ငွေကို ခေါင်းသုံးပြီး
ငွေကို ငွေနဲ့ ရင်းပြီး ပြန်ခိုင်းစားရုံပဲ။
ဒါကြောင့် ငွေကို ခိုင်းစားချင်ရင်
ငွေက ကိုယ့်ကို ခိုင်းစားတဲ့ ကာလကို
သည်းခံပြီး မဖြစ်မနေ ဖြတ်သန်းနိုင်ရပါမယ်.........။
with respect - credit

image