ဆင်မကြီး မိုမိုရဲ့ အသက် ၇၂ နှစ်ပြည့် မွေးနေ့ကို ဒီကနေ့ အောက်တိုဘာ ၂၆ ရက်မှာပဲ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ကျင်းပသွားပါတယ်။
၁၉၅၃ ခုနှစ်က ကယားပြည်နယ်မှာ မွေးဖွားခဲ့တဲ့ ဆင်မကြီး မိုမိုကို ပိုင်ရှင်ဖြစ်တဲ့ လွိုင်ကော်မြို့နယ်နေ ဦးခွန်ဆန္ဒက လှူဒါန်းခဲ့ခြင်းကြောင့် သူမ အသက် ၇ နှစ်အရွယ်တည်းက ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကို ရောက်ရှိနေခဲ့တာပါ။
ဆယ်စုနှစ်များစွာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ရှိနေခဲ့တဲ့ ဆင်မကြီး မိုမိုဟာ ဒီနောက်ပိုင်းမှာ အမာစာတွေ မစားနိုင်တော့ဘဲ သူမအတွက် အစာသီးသန့် ကျွေးနေရတာဖြစ်ပါတယ်။