၂၀၂၅ "တေးသံမြန်မာ" တရုတ်သီချင်းသီဆိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
----------------

၂၀၂၅ "တေးသံမြန်မာ" တရုတ်သီချင်းသီဆိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၆ ရက် မွန်းလွဲ ၂နာရီခွဲကနေ ၅နာရီအထိ ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပါတယ်။

"တေးသံမြန်မာ" တရုတ်သီချင်းဆိုပြိုင်ပွဲကို သီချင်းတွေနဲ့ ချစ်ကြည်ရေးကို ပေါင်းကူးဖို့ ၊ သီချင်းတွေနဲ့ ပျော်စရာကောင်းတဲ့ ပညာသင်ကြားရေးအတွက် အထောက်အကူပြုစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပလာခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ရဲ့ ယာယီတာဝန်ခံ Ms Cao Jingi က အဲဒီအခမ်းအနားမှာ ပြောပါတယ်။

အဲဒီအပြင် ဒီပြိုင်ပွဲဟာ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ဘာသာစကားကို ကြိုက်နှစ်သက်သူတွေအတွက် ပညာစွမ်းရည်ကိုပြသနိုင်တဲ့ ပလက်ဖောင်းတစ်ခု ဖြစ်ရုံသာမက မြန်မာတရုတ် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်နိုင်ဖိုနဲ့ ပညာရေးပူးပေါင်းဆောင်ရွက်မှု ဆက်သွယ်ရေးတံတားတစ်စင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီသီချင်းဆိုပြိုင်ပွဲကို ရန်ကုန် ၊ မန္တလေး၊ တောင်ကြီး၊ ပဲခူးစတဲ့ဒေသတွေက ပြိုင်ပွဲဝင် ဦးရေ ၁၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။

"တေးသံမြန်မာ" တရုတ်သီချင်းသီဆိုပြိုင်ပွဲက မြန်မာနိုင်ငံမှာ တရုတ်စာသင်ကြားရေးရဲ့ ရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနေပြီး ဒေသအသီးသီး နဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံက တရုတ်စာဝါသနာရှင်တွေကို သီချင်းသံစဉ်တွေကတစ်ဆင့် ယဉ်ကျေးမှုပေါင်းစည်းမှုကို နက်ရှိုင်း စေကာ လူမှုအသိုင်းအဝိုင်း စည်းလုံးညီညွှတ် မှုကို မြှင့်
တင်ပေးနေတာဖြစ်တယ်လို့ Bowen school (time city) principle ဒေါ်ရန်လီလီက ပြောပါတယ်။

၂၀၂၅ "တေးသံမြန်မာ" တရုတ်သီချင်းသီဆိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ တစ်ဦးချင်းသီဆိုမှု (ကလေးအစုအဖွဲ့) အတွက် ပထမဆု ၊ဒုတိယဆု ၊ တတိယဆု ၊ တစ်ဦးချင်းသီဆိုမှု (လူငယ်အစုအဖွဲ့)အတွက် ပထမဆု၊ဒုတိယဆု၊ တတိယဆုနဲ့ တစ်ဦးချင်းဖျော်ဖြေမှု( လူကြီးအစုအဖွဲ့) အတွက် ပထမဆု ၊ ဒုတ်ိယဆု ၊တတိယဆုတွေကို အသီးသီးချီးမြှင့်ခဲ့ပါတယ်။

အလားတူ အဖွဲ့လိုက်ဖျော်ဖြေမှု (လူငယ်အစုအဖွဲ့) အတွက် ပထမဆု ၊ဒုတိယဆု ၊ တတိယဆု ၊ အဖွဲ့လိုက်ဖျော်ဖြေမှု(လူကြီးအစုအဖွဲ့ )အတွက် ပထမဆု၊ဒုတိယဆုနဲ့ တတိယဆုတွေက်ို အသီးသီးချီးမြှင့်ခဲ့ပါတယ်။

ဆုတွေကို ရန်ကုန်၊ မန္တလေး နဲ့ ပဲခူးမြို့တို့က အဖွဲ့အစည်း စုစုပေါင်း ၈ခုက ဆွတ်ခူးရရှိခဲ့တယ်လ်ို့ သိရပါတယ်။

အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ယာယီတာဝန်ခံ Ms Cao Jingi ၊ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကျော် အပါအဝင် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ အနုပညာနှင့် ယဉ်ကျေးမှုတက္ကသိုလ်၊ အခြေခံပညာကျောင်းတွေ နဲ့ တရုတ်စာသင်ကျောင်း ၊ပုဂ္ဂလိကကျောင်းတွေက တာဝန်ရှိသူတွေ ၊ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေ တက်ရောက်အားပေးခဲ့ကြပါတယ်။

အဲဒီအခမ်းအနားမှာ ရိုးရာဇာတ်သဘင်ပန်းချီပြပွဲကိုလည်းတစ်ပြိုင်နက်စီစဉ်ပြသခဲ့ပြီး ကွမ်ရှီးအနုပညာကောလိပ်၊ မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်းအရုံး ၊ မြန်မာနိုင်ငံအမျိုးသားအနုပညာအထက်တန်းကျောင်း က ပန်းချီပညာရှင်တွေရဲ့ လက်ရာတွေ နဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံ ရှေးဟောင်းအမွေအနှစ် ဇာတ်သဘင် ယဉ်ကျေးမှုကို အသက်ဝင်အောင် ပြသခဲ့ပါတယ်။

ဆုပေးပွဲအခမ်းအနားမှာ ရန်ကုန်မြို့ အထက(၂)လသာ၊ အထက(၁)လသာ တို့ကကျောင်းသား ကျောင်းသူလေးတွေ နဲ့ Azalea Stars အဖွဲ့ တွေက တရုတ်တေးသံသာ၊ မြန်မာ့အကနဲ့ တေးဂီတကို ကပြဖျော်ဖြေခဲ့ကြပါတယ်။

image
image
image
image
image