ကစားသမားဘဝ ဂိုး ၉၅၀ ပြည့်သွားပြီ ဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို
==================
ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al-Hazm ကို ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ ပွဲမှာ Al-Nassr အတွက် ဂိုးသွင်းယူပြီးနောက် ကစားသမားဘဝ ဂိုး ၉၅၀ ပြည့်လာခဲ့ပါတယ်။
ယင်းပွဲတွင် ဂျာအိုဖီလစ်က Al-Nassr အတွက် ခေါင်းတိုက်ကာ ဦးဆောင်ဂိုး သွင်းပြီးနောက် အသင်းခေါင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒိုက အနီးကပ်ကန်သွင်းကာ ဒုတိယဂိုးအား သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။
Al-Nassr ဟာ Al-Hazm နိုင်ပွဲကြောင့် ဆော်ဒီပရိုလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲဆက်လက် ရရှိနေပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
Al-Nassr အတွက် ဦးဆောင်ဂိုးသွင်းခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ ဆော်ဒီပရိုလိဂ် ၆ ပွဲတည်းကစားထားရာမှာ ၉ ဂိုးအထိ သွင်းယူလာနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ဂိုးတစ်ထောင်ပြည့်အောင် သွင်းဖို့ ရည်ရွယ်ထားတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာလည်း ကစားသမားဘဝ ဂိုး ၉၅၀ ပြည့်လာမှုနှင့်အတူ သူ့ရည်မှန်းချက်ပြည့်ဖို့ ဂိုး ၅၀ ပဲ သွင်းဖို့ကြိုးစားရတော့မှာ ဖြစ်ပါတယ်။