ပင်နယ်တီကန်သွင်းစဉ် တံကောက်ကြောဒဏ်ရာရရှိသွားခဲ့တဲ့ ကီဗင်ဒီဘရိုင်း
=======================

နာပိုလီကွင်းလယ်ကစားသမားကီဗင်ဒီဘရိုင်းဟာ မနေ့ညတုန်းက အင်တာမီလန်အား အနိုင်ရတဲ့ပွဲတွင် ဦးဆောင်ဂိုးအား ပင်နယ်တီမှ တဆင့် သွင်းယူစဉ် ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ကီဗင်ဒီဘရိုင်းဟာ နွေရာသီတွင် မန်စီးတီးမှ ထွက်ခွာကာ နာပိုလီသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာပြီးနောက် ၁၁ ပွဲကစားထားရာမှာ ၄ ဂိုးသွင်းပြီး ၂ ကြိမ်ဖန်တီးကာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ မနေ့ညတုန်းက အင်တာမီလန်အား ၃-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ပင်နယ်တီမှ တဆင့် ဦးဆောင်ဂိုးသွင်းစဉ် တံကောက်ကြောဒဏ်ရာရရှိသွားတယ်လို့ ယူဆရပါတယ်။

ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်ဟာ ကွင်းအတွင်း ဆေးကုသမှု ခံယူပြီးနောက် ဆေးအဖွဲ့ဝင်ရဲ့အကူအညီဖြင့် ကွင်းအပြင်သို့ ထွက်ခဲ့ရပါတယ်။

သူဟာ လူစားလဲလှယ်မှု ပြုလုပ်ပြီးနောက် ညာဘက်တံကောက်ကြောကို ပတ်တီးစည်းကာ ပွဲကို ဆက်လက်ကြည့်နေခဲ့တာ တွေ့ရပါတယ်။

နာပိုလီဟာ မနေ့ညက လက်ရှိ ချန်ပီယံ အင်တာမီလန်ကို အနိုင်ရရှိခဲ့မှုကြောင့် စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးနေရာသို့ တက်လှမ်းနိုင်ခဲ့ပေမယ့်လည်း ကီဗင်ဒီဘရိုင်း ဒဏ်ရာရရှိသွားမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပြီ ဖြစ်ပါတယ်။

image