Idiots Bandရဲ့ ဖျော်ဖြေပွဲမှာ သီဆိုနေရင်း အဆိုတော်အဒီနို ရုတ်တရက်လဲကျပြီး ကွယ်လွန်ဟုဆို

Idiots Bandရဲ့ နောက်ဆုံးဖျော်ဖြေပွဲဖြစ်တဲ့ Idiots Farewell Tourမှာ ပါဝင်သဆီဆိုဖျောဖြေတဲ့ Fever109 Bandက အဆိုတော်အဒီနိုဟာ စင်ပေါ်မှာ ဖျော်ဖြေနေရင်း ရုတ်တရက်လဲကျပြီး ကွယ်လွန်သွားတယ်လို့ အဒီနိုနဲ့ ခင်မင်ရင်းနှီးသူ‌တွေရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြချက်အရ သိရပါတယ်။

Idiots Farewell Tourကို အောက်တိုဘာ၂၅ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ Eastern Yangon Event Parkမှာ ကျင်းပ‌တာဖြစ်ပြီး အဒီနိုဟာ မငိုနဲ့တော့သီချင်းကို သီဆိုနေရင်း ရုတ်တရက်လဲကျသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

လူမှုကွန်ရက်ပေါ်ပျံ့နှံလာတဲ့ ဗီဒီယိုဖိုင်တွေမှာလည်း အဆိုတော်အဒီနိုဟာ သီချင်းဆိုနေရင်း ရုတ်တရက်လဲကျသွားပြီး စင်ပေါ်မှာရှိနေတဲ့သူတွေက အဒီနိုလဲကျသွားတဲ့နေရာကို ချက်ချင်းရောက်ရှိလာကြပြီး ကူညီဖို့ကြိုးစားခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

အဒီနိုရဲ့ မိခင်ဖြစ်တဲ့ အဆိုတော်ထ‌ရေစီရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း သားဖြစ်သူအဒီနိုကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြောင်းပို့စ်တင်ထားသလို အဒီနိုရဲ့လူမှုကွန်ရက်စာမျက်နှာမှာလည်း ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြောင်းကို ပရိသတ်တွေက မှတ်ချက်ပြုထားပါတယ်။

အဒီနိုဟာ ပြီးခဲ့တဲ့၂၀၂၃ခုနှစ်၊ ဇွန်လကလည်း နှလုံးသွေးကြောပိတ်သွားတာကြောင့် ဆေးရုံတက်ခဲ့ရပြီး နှလုံးသွေးကြောချဲ့ကိရိယာထည့်ထားရတယ်လို့ သိရပါတယ်။

imageimage