KK Park နယ်မြေမှ ပြည်ပနိုင်ငံသား (၁၅၁) ဦးကို ထပ်မံ ထိန်းသိမ်း
-------------------------
မြန်မာနိုင်ငံအတွင်းကို နယ်စပ်လမ်းကြောင်းဒေသတွေက တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊မြဝတီ-မဲ့ထော်သလေး KK Park နယ်မြေမှာ အွန်လိုင်းလောင်းကစားမှုတွေ၊အွန်လိုင်းလိမ်လည်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ အိန္ဒိယနိုင်ငံသားအယောက် (၁၅၀)နဲ့ တောင်ကိုရီးယားနိုင်ငံသား တစ် ယောက်ကို အောက်တိုဘာ ၂၆ရက်ကထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကသိရပါတယ်။
အဲဒီလိုထိန်းသိမ်းနိုင်ခဲ့တဲ့ ပြည်ပနိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံတွေကို အမြန်ဆုံးပြန်လည်လွှဲပြောင်းနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက လိုအပ်တဲ့ မှတ်တမ်း စာရင်းကောက်ယူမှုတွေကို ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
ဇန်နဝါရီ(၃၀)ရက်ကနေအောက်တိုဘာ(၂၆)ရက်အထိ မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသားစုစုပေါင်း(၉၉၆၄)ယောက်ကို စစ် ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တာပါ။ အဲဒီထဲက (၉၃၃၉)ယောက်ကို ထိုင်းနိုင်ငံကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်တဲ့ ပြည်ပနိုင်ငံသား ၆၂၅ ယောက်ကို သက်ဆိုင်ရာနိုင်ငံ တွေကို လွှဲပြောင်းပေးဖို့အသင့်ဖြစ်နေပြီးလို့လည်းသိရပါတယ်။



