တန်းမဆင်းရရေး တိုက်ပွဲဝင်နိုင်ရန် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် နူနိုအက်စ်ပီရီတိုအား ကစားသမားဝယ်ယူထောက်ပံ့လာမယ့် ဝက်စ်ဟမ်း
==================

ဝက်စ်ဟမ်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်အတွင်းတွင် တန်းမဆင်းရရေး တိုက်ပွဲဝင်နိုင်ရန်အတွက် နည်းပြနူနိုအက်စ်ပီရီတိုဆန်တိုအား ကစားသမားများ ဝယ်ယူအားဖြည့်ပေးလာပါမယ်။

ဝက်စ်ဟမ်းဟာ သောကြာနေ့တုန်းက လိဒ်ကို ၂-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် နည်းပြနူနိုလက်ထက် နိုင်ပွဲပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် ၎င်းတို့ဟာ နော်တင်ဟမ်ဖောရက်စ်ကဲ့သို့ ယခုရာသီ ဒုတိယမြောက်နည်းပြအား ထုတ်ပယ်လာမှာ မဟုတ်ဘဲ ပေါ်တူဂီလူမျိုးနည်းပြဖြင့်ပင် ဆက်လက် လက်တွဲလာပါမယ်။

ဝက်စ်ဟမ်းဟာ ပြီးခဲ့တဲ့လတုန်းက ဂရေဟမ်ပေါ်တာကို ထုတ်ပယ်လိုက်ပြီးနောက် ရာသီအစ ၃ ပွဲအပြီးတွင် ဖောရက်စ်ရဲ့ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ နူနိုအား အစားထိုးခန့်အပ်ခဲ့တာပါ။

ဒါပေမယ့် ဝက်စ်ဟမ်းဟာ နူနိုလက်ထက် ၄ ပွဲကစားထားရာမှာ ရမှတ် ၁ မှတ်တည်းသာ ရယူထားနိုင်ပါတယ်။

နူနိုထုတ်ပယ်လိုက်ပြီးနောက် ဖောရက်စ်ဟာ အန့်ပိုစတီကိုဂလူအား ခန့်အပ်ခဲ့ပေမယ့်လည်း ရက်သတ္တပတ်အချို့အကြာတွင်ပင် ထပ်မံ ထုတ်ပယ်ကာ ရှောင်ဒိုက်ချီအား ခန့်အပ်ခဲ့ပါတယ်။

ဖောရက်စ်ဟာ ရှောင်ဒိုက်ချီလက်ထက် ပထမဆုံးပွဲတွင် ပေါ်တိုအား ယူရိုပါလိဂ်မှာ အနိုင်ရခဲ့ပါတယ်။

ဒါပေမယ့်လည်း ဝက်စ်ဟမ်းကတော့ နည်းပြနူနိုအား ထုတ်ပယ်လာမှာ မဟုတ်ဘဲ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားဝယ်ယူအားဖြည့်ပေးရန် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းတာဝန်ရှိသူများဟာ နွေရာသီတုန်းက နယူးကာဆယ်မှ ထွက်ခွာလာတဲ့ ကယ်လမ်ဝီလ်ဆင်တစ်ဦးတည်းကိုသာ တိုက်စစ်အတွက် အားဖြည့်ခဲ့မှုအမှားကို ဝန်ခံထားကြပြီး နောက်ထပ် တိုက်စစ်မှူးသစ် အားဖြည့်ပေးလာပါမယ်။

ဒါ့အပြင် ဝက်စ်ဟမ်းဟာ ဆိုးရွားနေတဲ့ ခံစစ်အတွက် ခံစစ်သမားအားဖြည့်ပေးရန်လည်း လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

နူနိုဟာ ပထမဆုံးကိုင်တွယ်တဲ့ ၄ ပွဲဆက် နိုင်ပွဲပျောက်ပြီးနောက် ပယ်လီဂရီနီနောက်ပိုင်း ပထမဆုံးကိုင်တွယ်တဲ့ ၄ ပွဲဆက် နိုင်ပွဲပျောက်တဲ့ ပထမဆုံးဝက်စ်ဟမ်းနည်းပြ ဖြစ်လာပါတယ်။

image