El Clásico ပွဲအပြီးတွင် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာကစားသမားများ ရုန်းရင်းဆန်ခတ်ဖြစ်ပွား
=====================

မနေ့ညက El Clásico ပွဲစဉ်အပြီးတွင် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာကစားသမားများအကြား ရုန်းရင်ဆန်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

မနေ့က ပွဲရဲ့ ပွဲပြီးခါနီးအချိန်တွင် နှစ်ဖက်ကစားသမားများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ပွဲအပြီး ခရာမှုတ်ပြီးချိန်တွင်လည်း အချင်းများခဲ့ကြတာပါ။

ရိုဒရီက အူရီလီယန်ချူကွာမီနီကို ပြစ်ဒဏ်ကျူးလွန်မှုကြောင့် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရပြီးနောက် အချင်းများခဲ့ကြတာပါ။
ယင်းအချင်းများမှုတွင် နှစ်ဖက်ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များလည်း ပါဝင်ခဲ့သလို အရန်ခုံမှ ကစားသမားများလည်း ပါဝင်ခဲ့ကြပါတယ်။

ဗီနီရှပ်စ်ဂျူနီယာနှင့် အလီဂျန်ဒရိုဘယ်ဒီတို့ အပြန်အလှန်အချင်းများနေမှုကြောင့် နှစ်ဖက်အသင်းများကို လူခွဲခဲ့ရပါတယ်။
ယင်းနောက် ဒိုင်လူကြီးက ပွဲပြီးခရာမှုတ်ပြီးချိန်တွင်လည်း နှစ်ဖက်အသင်းသားများ ထပ်မံ အချင်းများခဲ့ကြပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြအလွန်ဆိုဟာ ကွင်းအတွင်းသို့ ပြေးဝင်ပြီး ကစားသမားများကို ဆွဲထုတ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဂိုးသမားသီဘောက်ကော့တွိုက်စ်ဟာ ဘာစီလိုနာစတားလာမိန်းယာမဲလ်အား အော်ဟစ်ပြောဆိုခဲ့ပြီး ဖရန်ကီဒီယွန်ရဲ့ တွန်းခြင်းခံရပြီးနောက် ကစားဖော်များ ဆွဲထုတ်ခြင်းခံခဲ့ရပါတယ်။

လာမိန်းယာမဲလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဒါနီကာဗာဂျယ်နှင့်လည်း အချင်းများခဲ့ပါသေးတယ်။ ဒါနီကာဗာဂျယ်က လာမိန်းယာမဲလ်အား စကားအလွန်များတယ်ဆိုပြီး လက်ဟန်အမူအယာဖြင့် ပြသခဲ့တာ တွေ့ရပါတယ်။

မနေ့ညက ပွဲတွင် ရီးရဲလ်မက်ဒရစ်ဟာ ပွဲချိန် ၂၂ မိနစ် ကိုင်လီယန်ဘက်ပေးရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် ၃၈ မိနစ်မှာ ဖာမင်လိုပက်ဇ်က ဘာစီလိုနာအတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။

ယင်းနောက် ပထမပိုင်းအပြီးခင်မှာ ဘယ်လင်ဂမ်က ရီးရဲလ်မက်ဒရစ်တို့ ၂-၁ ဖြင့် အနိုင်ရရှိစေမယ့် အနိုင်ဂိုးအား သွင်းယူခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ မနေ့ညက နိုင်ပွဲကြောင့် ဘာစီလိုနာကို ရမှတ် ၅ မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။

image