1 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️အေးခဲထောပတ်သီး တန် ၂၀၀ ခန့်တင်ပို့နိုင်ရေး မြန်မာ-အိန္ဒိယ ဆွေးနွေး
မြန်မာနိုင်ငံက ယခုနှစ် ထောပတ်သီးရာသီတွင်အေးခဲထောပတ်သီး တန် ၂၀၀ ခန့်အား အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် အောက်တိုဘာ ၂၂ ရက်တွင် နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးခဲ‌ထောပတ်သီး တန် ၂၀၀ ခန့်တင်ပို့ရန် မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းက အိန္ဒိယနိုင်ငံဘက်သို့ နမူနာပေးပို့ရန်၊ မြန်မာ့ထောပတ်သီး အိန္ဒိယနိုင်ငံသို့ တင်ပို့ ရာတွင် အိန္ဒိယနိုင်ငံ၏ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အိန္ဒိယနိုင်ငံဘက်မှပံ့ပိုးပေးရန်၊ မြန်မာနိုင်ငံတွင် ထောပတ်သီးစက်ရုံအသစ်တည်ဆောက်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားတန်ဖိုးမြှင့် ထောပတ်သီးထုတ်လုပ်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၂ ရက်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image