စမ်းချောင်းမြို့နယ်တွင် အမျိုးသား(၁)ဦး တိုက်ပေါ်မှပြုတ်ကျပြီး ဘုရားကျောင်းအမိုးပေါ်တင်နေသဖြင့် ကယ်ဆယ်ရေးဆောင်ရွက်
ရန်ကုန်။ အောက်တိုဘာ ၂၆.၂၀၂၅
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ယနေ့ အောက်တို ဘာ ၂၆ ရက်နံနက် ၆ နာရီခွဲခန့်က အမျိုးသား(၁)ဦး နေအိမ်ပေါ်မှ
ပြုတ်ကျခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့မှ သတင်းရရှိခဲ့သည်။
ဖြစ်စဥ်မှာ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ရှမ်းကုန်းလမ်းတွင် နေအိမ်ပေါ်မှအမျိုးသား(၁)ဦး ကျပြီး တိုက်ဘေးရှိ စရီစရီကာလီမယ်တော်ဘုရားကျောင်းအမိုးပေါ်တွင်တင်နေသဖြင့် စမ်းချောင်းမြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များက နံနက် ၆ နာရီ ၅၆ မိနစ်တွင် ကယ်ဆယ်နိုင်ခဲ့ပြီး ထိခိုက်ဒ-ဏ်ရာ (မစိုးရိမ်ရ) ရရှိထားသဖြင့် အနာဂတ်အလင်းတန်းပရဟိတအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။