2 ပတ် - ဘာသာပြန်ပါ။

အာဆင်နယ် ပါရမီရှင် မက်စ်ဒေါမန်း စာချုပ်ချုပ်ဆို
--------------------

အသက် ၁၅ နှစ်အရွယ် အာဆင်နယ်အသင်းရဲ့ ပါရမီရှင် ကစားသမား မက်စ်ဒေါမန်းဟာ အသင်းနဲ့ ပညာသင်ဆု သဘောတူညီချက် စာချုပ်ချုပ်ဆိုလိုက်ပါတယ်။ စာချုပ်ထဲမှာ ဒေါမန်းရဲ့ အသက် ၁၇ နှစ်ပြည့်ရင် ပရိုစာချုပ်ကို ချုပ်ဆိုသွားမယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဒေါမန်းဟာ အခုနှစ်ပိုင်းအတွင်း အာဆင်နယ်အကယ်ဒမီထွက် ကစားသမားတွေထဲမှာ ပါရမီအရှိဆုံး ကစားသမား အဖြစ် သတ်မှတ်ခြင်းခံထား ရတာဖြစ်ပါတယ်။ ဩဂုတ်လ ၂၃ ရက်နေ့မှာ ကစားတဲ့ လိဒ်ယူနိုက်တက်အသင်းနဲ့ ပွဲမှာ အာဆင်နယ်အသင်း အတွက် ပထမဆုံးကစားပေးခွင့်ရချိန်မှာ ဒေါမန်းဟာ အသက် ၁၅ နှစ် ၂၃၅ ရက်အရွယ် သာ ရှိပါသေးတယ်။

ဒီလို ခြေစွမ်းခြေစမျိုးပြသထားနိုင်တဲ့ ဒေါမန်းကို ဥရောပထိပ်တန်းကလပ်အသင်းတွေက စိတ်ဝင်စားလာခဲ့တဲ့ အတွက် အာဆင်နယ်အသင်းက အခုလိုပညာသင်ဆု သဘောတူညီချက်စာချုပ်ကိုချုပ်ဆိုလိုက်တာဖြစ်ပါတယ်။ ဒေါမန်း ကိုယ်တိုင်ကလည်း ငယ်ငယ်ထဲက အာဆင်နယ်အသင်း ပရိသတ်ဖြစ်သလို ဒီအသင်းနဲ့ပဲ ဘောလုံးသမား ဘဝကို ရှေ့ဆက်ဖို့ ဆန္ဒရှိနေတာဖြစ်လို့ အခုလို ပညာသင်ဆု သဘောတူစာချုပ်ကို ချုပ်ဆိုလိုက်တာဖြစ်တယ်လို့ သိရ ပါတယ်။ ဒေါမန်းဟာ အာဆင်နယ်ယူ-၂၁ အသင်းမှာလည်း အသက်အငယ်ဆုံး ဂိုသွင်းယူနိုင်သူအဖြစ် မှတ်တမ်း ရေးထိုးထားပါတယ်။

image