1 ရက် - ဘာသာပြန်ပါ။

ဟားမတ်စ်ကိုချေမှုန်းရန် အသင့်ဖြစ်နေပြီဟု ထရမ့် သတိပေး
-------------------

အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အမေရိကန်ရဲ့ မိတ်ဖက်နိုင်ငံတွေဟာ ဂါဇာကမ်းမြောင်ဒေသကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ အဆင်သင့်ရှိနေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ဖော် ပြောဆိုခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ဟာ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကို ချိုးဖောက်နေတာတွေ မရပ်တန့်ဘူးဆိုရင် ရင်ဆိုင်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့အတွက် တောင်းဆိုလိုက်တာနဲ့ ဂါဇာကို မိတ်ဖက်နိုင်ငံတွေရဲ့ တပ်ဖွဲ့ဝင်တွေ ရောက်လာလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပါတယ်။

ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကို ဆက်လက်အကောင်အထည် မဖော်ဘူးဆိုရင် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ ဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အခုလို ပြောဆိုမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်က အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေဟာ ဂါဇာကို တပ်ဖွဲ့တွေပို့ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တောင်းဆိုလိုက်တာနဲ့ ဂါဇာကို တပ်ဖွဲ့တွေ ရောက်လာပါလိမ့်မယ်လို့ သတိပေး ပြောဆိုခဲ့ပါတယ်။

image