အိန္ဒိယနိုင်ငံသို့ အေးခဲထောပတ်သီး တန် ၂၀၀ ခန့် တင်ပို့နိုင်ရေး ဆွေးနွေး

မြန်မာနိုင်ငံမှ ယခုနှစ်ထောပတ်သီးရာသီတွင် အေးခဲထောပတ်သီး တန် ၂၀၀ ခန့်အား အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား တန်ဖိုးမြှင့်ထောပတ်သီး ထုတ်လုပ်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပခဲ့သည်။

အေးခဲထောပတ်သီး တန် ၂၀၀ ခန့်တင်ပို့ရန်မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ အိန္ဒိယနိုင်ငံဘက်သို့ နမူနာပေးပို့ရန်၊ မြန်မာ့ထောပတ်သီး အိန္ဒိယ နိုင်ငံသို့ တင်ပို့ရာတွင် အိန္ဒိယနိုင်ငံ၏ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အိန္ဒိယနိုင်ငံဘက်မှ ပံ့ပိုးပေးရန်၊ မြန်မာနိုင်ငံတွင် ထောပတ်သီးစက်ရုံအသစ်တည်ဆောက်နိုင်ရန်အတွက် အိန္ဒိယ နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

image