ရက်ပိုင်းအတွင်း၌ပင် သီပေါမြို့၌ အခြေခံပညာစာသင်ကျောင်း(၃)ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်

ရှမ်းပြည်နယ်၊ သီပေါမြို့အား တပ်မတော်မှပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီး ရက်ပိုင်းအတွင်း၌ပင် အခြေခံပညာစာသင်ကျောင်း(၃)ကျောင်းကို ပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအား အောက်တိုဘာ ၂၂ ရက်၊ အမှတ်(၂)အခြေခံပညာမူလတန်း(လွန်)ကျောင်းနှင့် အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းတို့အား အောက်တိုဘာ ၂၄ ရက်တို့တွင်ဖွင့်လှစ်ပြီးနောက် ကျောင်းအပ်လက်ခံမှုများကိုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် အောက်တိုဘာ ၂၄ ရက်အထိ ယင်း အခြေခံပညာစာသင်ကျောင်း(၃)ကျောင်းတွင် ကျောင်းအပ်နှံကာ စာပေသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူ(၁,၂၃၀)ဦးရှိကာ ၎င်းတို့အား ပညာရေးဝန်ကြီးဌာနမှအခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကိုပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သီပေါမြို့၊ ကုန်းတော်ပရိယတ္တိစာသင်တိုက်၌ ယာယီရုံးခွဲဖွင့်လှစ်၍ သန်ခေါင်စာရင်းတိုင်ဆိုင်စစ်ဆေးပေးခြင်း၊ မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာတန်များ၊ တပ်မတော်ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက သီပေါမြို့ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက သီပေါမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူများသွားလာအသုံးပြုလျက်ရှိသည့် နေရာများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များဆောင်ရွက်ခြင်းတို့ကိုလည်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

image
image
image
image