2 ပတ် - ဘာသာပြန်ပါ။

ကျန်းမာရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေး

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မ တီ၏ ဌာနေကိုယ်စားလှယ် မစ္စတာအားနော့ဒီဘေ့ခ်နှင့်အဖွဲ့တို့တွေ့ဆုံပြီး ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ မြန်မာနိုင်ငံရှိ ခြေတုလက်တု ကျွမ်းကျင်ပညာရှင်များ၏ စွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားရေးနှင့် ခြေတုလက်တုကျွမ်းကျင်ပညာရှင်များ ပိုမိုပေါ်ထွက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံအတွင်း သင်တန်းများပို့ချရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ ဝေးလံသောဒေသများရှိ ကျေးလက်ကျန်းမာရေးဌာနများတွင် ဆိုလာလျှပ်စစ်မီးစနစ် တပ်ဆင်နိုင်ရေးအတွက် အထောက်အပံ့ပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ICRC မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

image