ကျားဖျန့်ခေါင်းဆောင် ရှီကျီကျန်းကိုပြန်လွှဲရန် ထိုင်းပြင်ဆင်နေ
--------------------------

တရားမဝင် လောင်းကစားရုံ လုပ်ငန်းတွေနဲ့တရုတ်နိုင်ငံက အလိုရှိနေတဲ့ အသက် ၄၃ နှစ်အရွယ် တရုတ် - ကမ္ဘောဒီးယား နိုင်ငံသား ရှီကျီကျန်းကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးဖို့ ထိုင်းနိုင်ငံအာဏာပိုင်တွေပြင်ဆင် နေတယ်လို့ Khaosod သတင်းမှာ ဖော် ပြထား ပါတယ်။

ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး က ရာဇဝတ်သား လွှဲပြောင်းရေး ဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖေါက်ခြင်း မရှိဘူးလို့ တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို ဆုံးဖြတ်ချက်ဟာ ရှီကျီကျန်း ကို လွှဲပြောင်းပေးဖို့ အစိုးရ ရှေ့နေ တွေကို လမ်းဖွင့် ပေးလိုက်တာလည်း ဖြစ်ပါတယ်။
ရှီကျီကျန်းဟာ တရုတ်နိုင်ငံရဲ့ ကာဆီနိုလုပ်ငန်း ဆိုင်ရာ ရာဇဝတ်မှု နဲ့ စွဲချက်တင်ခံထားရတာ ဖြစ်ပါတယ်။သူဟာ လက်ရှိမှာ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ Klong Prem ဗဟို အကျဉ်းထောင် မှာ အကျဥ်းကျခံနေရတာပါ။

အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရဲအရာရှိ ဒုဗိုလ်မှူးကြီး က ရာဇဝတ်သား လွှဲပြောင်းရေး အတွက် အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ တရုတ်အာဏာပိုင်တွေ၊ အစိုးရရှေ့နေတွေ နဲ့ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ ကိုယ်စားလှယ်တွေ အကြား ပူးပေါင်း ဆောင်ရွက် မှုတွေ ပါဝင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

image