မိဖုရားကြီးသီရိခေတ် နတ်ရွာစံ
------------
သက်တော် ၉၃ နှစ်အရွယ် ထိုင်းမိဖုရားကြီးသီရိခေတ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် နတ်ရွာစံသွားကြောင်း ထိုင်းဘုရင့်နန်းတော်က ထုတ်ပြန်သည်။
၂၀၁၉ ခုနှစ်ကတည်းက ဝေဒနာမျိုးစုံခံစားရသဖြင့် ဆေးရုံတင်ထားရသည်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် သွေးဆိပ်တက်သည့်ဝေဒနာ (bloodstream infection) ခံစားရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း နိုင်ငံတကာသတင်းများတွင် ရေးသားထားကြသည်။
မိဖုရားကြီးသီရိခေတ်သည် လက်ရှိထိုင်းဘုရင်၏ မယ်တော် ဖြစ်သည်။
၂၀၁၆ ခုနှစ် သက်တော် ၈၈ နှစ်အရွယ်တွင် နတ်ရွာစံခဲ့သည့် ဘုရင်ကြီး ဘူမိဘောနှင့် မိဖုရားကြီးသီရိခေတ်တို့တွင် သားသမီး ၄ ဦး ထွန်းကားခဲ့သည် ။
မိဖုရားကြီးသည် ထိုင်းနိုင်ငံ သက်ဦးဆံပိုင်ဘုရင်စနစ်မှ စည်းမျဉ်းခံဘုရင်စနစ်သို့ ပြောင်းလဲသည့် ၁၉၃၂ ခုနှစ်တွင် မွေးဖွားသည်၊ ဖခင်ဖြစ်သူမှာ ပြင်သစ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဖြစ်သည်။
ပြင်သစ်တွင် ရှိနေစဉ် ကြင်ယာတော်ဘူမိဘောနှင့် တွေ့ဆုံခဲ့သည်၊ တွေ့ဆုံပြီး နှစ်နှစ်အကြာ ၁၉၅၀ ပြည့်နှစ်တွင် လက်ထပ်ထိမ်းမြားခဲ့သည်ဟု နိုင်ငံတကာ သတင်းများတွင် ရေးသားထားသည်။
----------
ထိုင်းဘုရင့်နန်းတော် အွန်လိုင်းစာမျက်နှာတွင် တွေ့ရသော မိဖုရားကြီးသီရိခေတ်၏ ဓာတ်ပုံများ။