***အနောက်နန်းမိဖုရား မမြလေး***(စ/ဆုံး)
******************************************
မမြလေးကိုသက္ကရာဇ်၁၁၇၁ခု နှစ် သီတင်းကျွတ် လပြည့်ကျော် (၂ရက်) တနင်္လာနေ့ ဖွားသည်။
ငယ်မည် မမြကြုတ်ဖြစ်၍ ဖခင် မင်းပျံချီနှင့် မိခင် ဒေါ်အိတို့မှဟင်္သာတမြို့တွင် ဖွားမြင်သည်။
၁၈၂၄ အင်္ဂလိပ် မြန်မာ ပဋ္ဌမ စစ်ပွဲအပြီး စစ်ပြေငြိမ်းရေး"ရန ္တပို"စာချူပ် ချူပ်ဆိုပြီး သာယာဝတီမင်းသားသည် ဓနုဖြူသို့ ချီတက်လာခဲ့သည်။
ဟင်္သာတသို့ အရောက်တွင် ရုပ်ရည်ချောမောလှပသည်ဟု ကျော်ဇောသတင်းရှိသော မမြလေးကို မြို့သူကြီးထံမှတစ်ဆင့် ဆင့်ခေါ်၍သိမ်းပိုက်ခဲ့သည်။
ရွှေလောင်းတိုက်ကို စားစေ၍ အိမ်ရှေ့မိဖု၇ားအရာပေးကာ မြောက်အိမ်တော်တွင်စံနေစေသည်။
သာယာဝတီမင်းသားသည် အသက်ငယ်ရွယ်နုပျိုပြီး ချစ်စရာကောင်းသော မမြလေးကို အစောပိုင်းတွင်ကောင်းစွာချီးမြှောက်ခဲ့ပေသည်။
အိမ်ရှေ့မိဖုရားဘဝတွင် မမြလေးသည် သမီးတော်တစ်ပါးမွေးဖွားခဲ့ရာ နောင်တွင် ထိုသမီးတော်သည် လှိုင်ထိပ်ခေါင်တင် မင်းသမီးအဖြစ် ကျော်ကြားလာခဲ့သည်။
၁၁၉၅ ခုနှစ်တွင် လှိုင် ထိပ်ခေါင်တင်(မဖွားကြီး)ကိုဖွား မြင်တော် မူသည်။
သာယာဝတီမင်းသားက ဘကြီးတော်မင်းကို နန်းချ၍ ထီးနန်းသိမ်းပိုက်လိုက်သောအခါ မမြကလေးသည်လည်း
"သီရိမဟာ သုရတနာ စန္ဒာဒေဝီ"ဘွဲ့ဖြင့် အနောက်နန်းမိဖုရားဖြစ်လာခဲ့သည်။
ဟင်္သာတမြို့ကို စားရသည်။
သာယာဝတီမင်းသည် စစ်သွေးစစ်မာန် တက်ကြွသူဖြစ်သည်။
ထိုစဉ်က ရခိုင်နှင့်တနင်္သာရီကို သိမ်းပိုက်ထားသော နယ်ချဲ့အင်္ဂလိပ်တို့ကို အင်အားပြစိမ့်သောငှာ ရေတပ်မတော်ဖြင့် ရန်ကုန်သို့ စုန်ဆင်းတော်မူခဲ့သည်။
https://apk.mmyougo.website/?go=56338801