2 w - Translate

တောင်ပေါ်ဒေသလေးကိုချစ်သလို
အဝါရောင်နေကြာရိုင်းပန်းလေးလည်းချစ်တယ်...
အဝါရောင်ပန်းကလေးတွေပွင့်ပြီဆိုတာ ဆောင်းရာသီရောက်ရှိလာပြီလို့ အချက်ပြတာတဲ့...
တောင်ပေါ်ဒေသရဲ့အရိုင်းပန်းကလေးဆိုပေမယ့်
ချစ်မြတ်နိုးသူအတွက်တော့ တန်ဖိုးထားရတဲ့ပန်းလေးတွေပဲမဟုတ်လား...။
တစ်နေ့မှာပေါ့...နေကြာရိုင်းတွေပွင့်နေတဲ့ တောင်ပေါ်ဒေသလေးဆီခရီးထွက်ချင်တယ်...
ဘယ်နေရာကြည့်ကြည့် အဝါရောင်တွေခြုံလွှမ်းထားမှာ သိပ်ကိုပျော်စရာပဲလေ...
အနားမှာ ချစ်ရသူလေးလည်းရှိနေပါလိမ့်မယ်...
ဘယ်လိုကြည်နူးစရာမြင်ကွင်းလေးဖြစ်နေပါစေ ချစ်တဲ့သူနဲ့အတူဆို ကမ္ဘာတစ်ခုလုံးပိုင်ဆိုင်ရသလိုခံစားမှုမျိုးနဲ့ပေါ့...။
ဆောင်းလေအေးလေးတိုက်ခက်လာတဲ့အခါ
နှင်းငွေ့လေးတွေနဲ့ထိတွေ့လို့ ချမ်းအေးလာတဲ့အခါ
ချစ်ရသူရဲ့အနွေးဓာတ်လေးခိုလှုံမယ်...
တောင်ပေါ်ဒေသရဲ့ဆောင်းနေ့ရက်လေးတချို့ကို
နေကြာရိုင်းပန်းကလေးတွေကို ငေးမောရင်း
ပြီးတော့ ချစ်ရသူကို တစိမ့်စိမ့်လေးချစ်မိရင်း အနားမှာရှိနေချင်တော့တာပဲ...။
ချစ်တယ်ဆိုတာ အဝါရောင်တွေလိုလား...
ချစ်တယ်ဆိုတာ နေကြာရိုင်းလေးတွေလိုလား...
ချစ်တယ်ဆိုတာ လှပတဲ့ရှုခင်းလေးကိုအတူငေးမောပြီးကြည့်နေချင်တာမျိုးပဲလား...
တကယ်တော့ ချစ်တယ်ဆိုတာလေ အရာရာကိုမျှဝေခံစားပြီး ပျော်ရွှင်ခြင်းတွေဆောင်ယူပေးခဲ့ချင်တာမျိုးလေ...
အဝါရောင်နေကြာရိုင်းပန်းကလေးတွေ ဖူးပွင့်လာခဲ့သလိုပေါ့...။

image
image
image