ဘာနေဗျူးကွင်းအား ထပ်မံ ပြင်ဆင်တည်ဆောက်မယ့် အစီအစဉ် ပယ်ချခြင်းခံလာရတဲ့ ရီးရဲလ်မက်ဒရစ်
====================

ရီးရဲလ်မက်ဒရစ်ဟာ ဘာနေဗျူးကွင်းအပြင်ဘက်တွင် အငြင်းပွားဖွယ် ဥမင်လှိုဏ်ခေါင်းတည်ဆောက်ရန် စီစဉ်ထားပေမယ့် တရားရုံးက ယင်းအစီအစဉ်ကို လူထုက စိတ်ဝင်စားခြင်းမရှိမှုနှင့်အတူ ပယ်ချလာပါတယ်။

လာလီဂါထိပ်သီးကလပ်ဟာ ၂၀၁၉ ခုနှစ်တွင် ဘာနေဗျူးကွင်းအား ဖြိုချကာ အသစ်တည်ဆောက်မှု ပြုလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် အပြီးသတ်ခဲ့ပါတယ်။

ပေါင် ၁.၅ ဘီလီယံအကုန်အကျခံတည်ဆောက်ထားတဲ့ ဘာနေဗျူးကွင်းသစ်မှာ ပရိသတ် ၈၃၀၀၀ ဝန်းကျင်ဆန့်လာပြီး အဖွင့်အပိတ်လုပ်နိုင်တဲ့ ခေါင်မိုး၊ ၃၆၀ ဒီဂရီ LED Scoreboard Screen တို့ ပါဝင်ပါတယ်။

ဒါ့အပြင် ကွင်းမြက်ခင်းကို အစားထိုးပြီး ဂီတပွဲများ ပြုလုပ်နိုင်အောင် ပြုလုပ်ထားသလို ကွင်းတစ်ခုလုံးကို အပေါ်စီးမှ မြင်နိုင်မယ့် SkyBar လည်း ပါဝင်ပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ ပရိသတ်များအတွက် ပိုမို အဆင်ပြေစေရန်အတွက် ကားပါကင် နှစ်နေရာထပ်မံ တိုးချဲ့တည်ဆောက်လိုနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပေါင် ၁၁.၂ သန်းထပ်မံ အကုန်အကျခံပြီး ၆၅၀ မီတာရှိ ကာပါကင်နှင့် ကွင်းနှင့် ချိတ်ဆက်ထားတဲ့ ဥမင်လှိုဏ်ခေါင်းတည်ဆောက်လိုနေတဲ့အပြင် ကားပါကင်သစ်တစ်ခုလည်း တည်ဆောက်လိုနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ယာဉ်ပိတ်ဆို့မှုအား လျှော့ချနိုင်ရန်အတွက် ယင်းအစီအစဉ်ကို လုပ်ဆောင်လိုနေခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ဟာ ယင်းအစီအစဉ်အား မက်ဒရစ်စီးတီးကောင်စီသို့ တင်ပြခဲ့ရာ ၂၀၂၃ ခုနှစ်တုန်းက ခွင့်ပြုခဲ့ပေမယ့်လည်း Madrid Superior Court of Justice က ယင်းစီမံကိန်းကို လူထုက စိတ်ဝင်စားခြင်း မရှိမှုနှင့်အတူ ဆုံးဖြတ်ချက်အား ပြန်ပြင်ကာ ပယ်ချလာပါတယ်။

တဖက်တွင် ရီးရဲလ်မက်ဒရစ်ရဲ့ ဘာနေဗျူးကွင်းဟာ ဂီတရှိုးပွဲများ ကျင်းပစွာ ဆူညံသံမှာ ပတ်ဝန်းကျင်ရှိ နေထိုင်သူများကို ထိခိုက်မှုကြောင့် ဂီတပွဲ ကျင်းပခွင့် ပိတ်ပင်ခြင်းခံထားရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဂီတပွဲများ ကျင်းပခွင့် ပိတ်ပင်ခြင်းခံရမှုကြောင့် ငွေများစွာ နစ်နာဆုံးရှုံးခဲ့ရပြီး ယင်းဂီတပွဲများကို အက်သလက်တီကိုရဲ့ Metroplitano Stadium ပွဲတွင် ပြောင်းလဲကျင်းပခွင့်ပေးခဲ့ရပါတယ်။

image