2 ပတ် - ဘာသာပြန်ပါ။

ဂါလာတာစာရေးတွင် ဘယ်ကစားသမားမှ မရရှိခဲ့ဖူးတဲ့ စံချိန်သစ် ရေးထိုးလာတဲ့ အိုဆီမမ်
===================

ဗစ်တာအိုဆီမမ်ဟာ မနေ့ညကတုန်းက ဘိုဒို/ဂလမ့်အား ၃-၁ ဖြင့် သက်တောင့်သက်သာ အနိုင်ရတဲ့ပွဲတွင် ၂ ဂိုးသွင်းယူနိုင်ပြီးနောက် ဂါလာတာစာရေးသမိုင်းတွင် ဘယ်ကစားသမားမှ မရရှိခဲ့တဲ့ စံချိန်သစ်တစ်ခု ရေးထိုးလာပါတယ်။

နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ ပထမပိုင်းတွင် ဂါလာတာစာရေးရဲ့ ဦးဆောင်ဂိုး ၂ ဂိုးအား သွင်းယူခဲ့သလို ဒုတိယပိုင်းတွင်လည်း ယန်နပ်စ်အက်ခ်ဂန် ဂိုးသွင်းနိုင်အောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

အိုဆီမမ်ဟာ ဘိုဒို/ဂလမ့်နှင့်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဂါလာတာစာရေးသမိုင်းတွင် ဥရောပပြိုင်ပွဲ ၇ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။

ယခင်တုန်းက ဂါလာတာစာရေးသမိုင်းတွင် ဥရောပပြိုင်ပွဲ ၆ ပွဲဆက် ဂိုးသွင်းယူနိုင်သူအဖြစ် ဘူရစ်ခ်ယီလ်မက်ဇ်က ၂၀၁၂ ခုနှစ် အောက်တိဘာလမှ ၂၀၁၃ ခုနှစ် မတ်လအတွင်း ၆ ပွဲဆက် ဂိုးသွင်းကာ သမိုင်းမှတ်တိုင်စိုက်ထူခဲ့တာပါ။

နာပိုလီတိုက်စစ်မှူးဟောင်းအိုဆီမမ်ဟာ ယခုရာသီတွင် ဂါလာတာစာရေးအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၅ ဂိုးသွင်းထားနိုင်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဂါလာတာစာရေးဟာ နော်ဝေကလပ်အား အနိုင်ရရှိပြီးနောက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်တွင် ၂ ပွဲဆက် နိုင်ပွဲ ရရှိလာခဲ့ပါတယ်။

image