ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်အတွင်း အထောက်အထားမဲ့မြန်မာနိုင်ငံသားများ ထပ်မံဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခံရပြန်ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၂၁) ရက်နေ့ ညပိုင်းက ကန်ချနဘူရီပြည်နယ် ထောင်ဖာဖွန်မြို့နယ် ဘန့်ဖူးပရာဒူကျေးရွာအနီး အဝေးပြေးလမ်းမပေါ်တွင် အထောက်အထားမဲ့ မြန်မာနို်ငငံသားများတင်ဆောင်လာသော မော်တော်ယာဉ်တစ်စီးအား ထိုင်းရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ရာ ထို မော်တော်ယာဉ်မှာ လမ်းကွေ့တစ်နေရာ၌ လမ်းဘေးရှိ ဓါတ်တိုင်အားဝင်ရောက်တိုက်မိကာ ရပ်တန့်သွားပြီး၊ ယာဉ်မောင်းဖြစ်သူမှာ အခင်းဖြစ်ရာအနီးရှိ တောအုပ်ထဲသို့ ဝင်ရောက်ထွက်ပြေးသွားသည်။
ယင်းမော်တော်ယာဉ်အား ထိုင်းရဲတပ်ဖွဲ့မှစစ်ဆေးခဲ့ရာ ယာဉ်အတွင်း အထောက်အထားမဲ့ မြန်မာနို်ငငံသား အမျိုးသား (၇) ဦးနှင့်၊ အမျိုးသမီး (၈) ဦး အားတွေ့ရှိဖမ်းဆီးခဲ့သည့်အပြင် လာအိုနိုင်ငံသူတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများက ဆိုထားသည်။



