မြဝတီမြို့ရှိ KK Park မှ နိုင်ငံခြားသားများ ထိုင်းဘက်သို့ထွက်ပြေးလာသူ တစ်ထောင်ကျော်ရှိလာပြီး ထိုင်းအာဏာပိုင်များက နယ်စပ်ကို တင်းကြပ်ကာ ဝင်ရောက်လာသူများကို မှုခင်းမှတ်တမ်းရှိမရှိ စစ်ဆေး

မြဝတီမြို့ရှိ KK Park မှ နိုင်ငံခြားသားများ ထိုင်းဘက်သို့ထွက်ပြေးလာသူ တစ်ထောင်ကျော်ရှိလာပြီး ထိုင်းအာဏာပိုင်များက နယ်စပ်ကို တင်းကြပ်ကာ ဝင်ရောက်လာသူများကို မှုခင်းမှတ်တမ်းရှိမရှိ စိစစ်နေဟု ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် khasod English ၌ သတင်းဖော်ပြထားသည်။

ကရင်ပြည်နယ် မြဝတီမြို့ရှိ KK Park အဆောက်အအုံများကို မြန်မာတပ်မတော်က ဝင်ရောက်စီးနင်းပြီးနောက်တွင် အဆိုပါဝင်းအတွင်း ကျန်ရှိနေသည့်အဆောက်အအုံများမှ နိုင်ငံခြားသားများ ထွက်ပြေးလာခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

လိမ်လည်သူများအဖြစ် သံသယရှိသူ တစ်ထောင်ကျော်မှာ အောက်တိုဘာ ၂၄ ရက်တွင် နယ်စပ်ကိုဖြတ်ကျော်ကာ ထိုင်းနိုင်ငံ မဲဆောက်ခရိုင်သို့ ဝင်ရောက်လာခြင်းဖြစ်ပြီး နာရီနှင့်အမျှ တိုးလာနေသည်ဟု သတင်းတွင် ဖော်ပြထားသည်။

ထွက်ပြေးလာသူများထဲတွင် အိန္ဒိယနိုင်ငံသား ၃၉၉ ဦးဖြင့် အများဆုံးဖြစ်ပြီး ယင်းနောက်တွင် တရုတ်နိုင်ငံသား ၁၄၇ ဦး ပါဝင်ကြောင်း၊ အလားတူ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ နီပေါနှင့် ထိုင်းနိုင်ငံသား ၃၁ ဦး အပါအဝင် အခြားနိုင်ငံအသီးသီးမှ နိုင်ငံသားများလည်း ပါဝင်သည်ဟု သတင်းတွင် ရေးသားထားသည်။

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဗျူရို၏ ပြောရေးဆိုခွင့်ရှိသူ ရဲဒုဗိုလ်ချုပ်ကြီး Choengron Rimpadee က လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များသည် လူတစ်ဦးချင်းစီ၏ အထောက်အထားများ၊ ခရီးသွားအချက်အလက် များနှင့် ရာဇဝတ်မှုမှတ်တမ်းများကို စိစစ်ရန်အတွက် တာ့ခ်ခရိုင်ရှိ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

image
image
image