အမေရိကန်က ဖမ်းဆီးရန်အလိုရှိသည့် တရုတ်နိုင်ငံသား မူးယစ်မှောင်ခိုကူးသူကို ကျူးဘားတွင် ဖမ်းဆီးရမိ
အမေရိကန်က ဖမ်းဆီးရန်အလိုရှိနေသည့် တရုတ်နိုင်ငံသား မူးယစ်ဆေးဝါးမှောင်ခိုကူးသူကို ကျူးဘားတွင် ဖမ်းဆီးရမိခဲ့ကြောင်း မက္ကဆီကိုအရာရှိများက ပြောကြားသည်။
အဆိုပါ တရုတ်နိုင်ငံသားသည် အမေရိကန်နိုင်ငံအတွင်းသို့ ဖန်တနိုင်းလ်နှင့် ကိုကင်းများကို ပမာဏအများအပြားဖြင့် မှောင်ခိုတင်သွင်းခဲ့ကြောင်း အမေရိကန်ကစွပ်စွဲခဲ့သည်။
သံသယယရှိသူသည်မက္ကဆီကိုတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော်လည်း ထိန်း သိမ်းခံထားရချိန်အတွင်း ထွက်ပြေးလွတ် မြောက်သွားခဲ့ကာ ယခုအခါတွင်ကျူးဘား၌ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မက္ကဆီကိုအရာရှိများက ပြောကြားသည်။



