3 ပတ် - ဘာသာပြန်ပါ။

မန်စီးတီးတွင် တစ်ပွဲကစားလျှင် ပေါင် ၄ သန်းရရှိပြီးနောက် အသက် ၄၀ နှစ်အရွယ်မှာ ကစားသမားဘဝမှ စကော့ကာဆင် အနားယူ
=====================

မန်စီးတီးဂိုးသမားဟောင်းစကော့ကာဆင်က ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူလာပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။

အသက် ၄၀ နှစ်ရှိ ဂိုးသမားဟာ ၂၀၂၁ ခုနှစ်တွင် ဒါဘီကောင်တီမှ ပြောင်းရွှေ့လာပြီးနောက် မန်စီးတီးတွင် ခြောက်နှစ်တိုင် ကစားခဲ့သူ ဖြစ်ပါတယ်။

သူဟာ မန်စီးတီးသို့ ၂ ရာသီအငှားဖြင့် သွားကစားပြီးမှ အပြီးသတ် ပြောင်းခဲ့တာပါ။

သူဟာ မန်စီးတီးတွင် ကစားစဉ်အတွင်း လုပ်ခ ပေါင် ၈.၆ သန်း ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူဟာ မန်စီးတီးအတွက် ပရီးမီးယားလိဂ်ပွဲ ၂ ပွဲတည်းသာ ကစားခွင့်ရခဲ့ကာ တစ်ပွဲကစားမှုအတွက် ပေါင် ၄ သန်းကျော် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ၂၀၂၁ ခုနှစ်တုန်းက နယူးကာဆယ်နှင့်ပွဲတွင် ပထမဆုံးပွဲ ကစားခွင့်ရခဲ့ပြီး ဒုတိယပိုင်းအား နောက်တစ်နှစ် ချန်ပီယံလိဂ် စပို့တင်းလစ္စဘွန်းနှင့်ပွဲတွင် ၁၇ မိနစ်ကစားခွင့်ရခဲ့တာပါ။

သူဟာ မန်စီးတီးတွင် ကစားခဲ့တဲ့ ၆ နှစ်တာကာလအတွင်းတွင် လုပ်ခပေါင် ၈.၅ သန်းဝန်းကျင် ရရှိခဲ့ပြီး ကာကွယ်မှု ၁ ကြိမ်အတွက် ပေါင် ၂.၈ သန်း၊ ဘောလုံးထိမှု ၁ ကြိမ်အတွက် ပေါင် ၃၅၄၀၀၀ ရရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

သူဟာ မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်အပါအဝင် ဆုဖလား ၉ လုံးလည်း ရရှိခဲ့ပါသေးတယ်။

လီဗာပူးအတွက် ၉ ပွဲကစားခွင့်ရခဲ့တဲ့ ကာဆင်ဟာ အက်စတွန်ဗီလာ၊ ဝက်စ်ဘရွမ်း၊ ဝီဂန်၊ ချာလ်တန်၊ ရှက်ဖီးလ်ဝင်းနက်စ်ဒေး၊ လိဒ်ယူနိုက်တက်တို့တွင်လည်း ကစားခဲ့ပါတယ်။

image