3 ပတ် - ဘာသာပြန်ပါ။

ယူနိုက်တက်ကို ရှုံးနိမ့်ပြီးနောက် ဆလော့မပါဝင်တဲ့ လီဗာပူးကစားသမားများ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့
======================

လီဗာပူးအသင်းခေါင်းဆောင်ဗာဂယ်ဗန်ဒိုက်က တနင်္ဂနွေနေ့ညတုန်းက ယူနိုက်တက်ကို ရှုံးနိမ့်ပြီးနောက် ကစားသမားအစည်းအဝေးတစ်ခု ခေါ်ယူမှု ပြုလုပ်ခဲ့ကြောင်း၊ သို့ရာတွင် ယင်းအစည်းအဝေးမှာ ပြဿနာဖြေရှင်းရေး အရေးပေါ်အစည်းအဝေးမဟုတ်ကြောင်း ဆိုလာပါတယ်။

လီဗာပူးဟာ တနင်္ဂနွေနေ့ညတုန်းက အန်ဖီးလ်တွင် ယူနိုက်တက်ကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ၄ ပွဲဆက် အရှုံးနှင့် ကြုံခဲ့ရပါတယ်။

လီဗာပူးဟာ ယူနိုက်တက်ရှုံးပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၃ နေရာသို့ ရောက်လာပြီး ထိပ်ဆုံးမှ အာဆင်နယ်နှင့် ၄ မှတ်ကွာဟလာခဲ့ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်ဟာ တနင်္လာနေ့ လေ့ကျင့်ခန်းအစီအစဉ်တွင် ကစားသမားများရဲ့ ခံစားချက် မကောင်းမွန်နေမှုနင့်အတူ အသင်းအတွင်း စည်းလုံးမှု ရှိလာစေရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်မယ့် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဗန်ဒိုက်က "တနင်္လာနေ့မှာ အားလုံး အိမ်ကွင်းမှာ ယူနိုက်တက်ကို ရှုံးခဲ့တော့ စိတ်မကောင်း ဖြစ်နေခဲ့ကြတယ်။ ကျွန်တော့်လီဗာပူးကစားသမားဘဝအတွင်း အိမ်ကွင်းရှုံးပွဲအများကြီး မကြုံဖူးဘူး။ ဒီလိုအခြေအနေမျိုးမှာ တနင်္လာနေ့က ခက်ခဲခဲ့တယ်။ ဒီတော့ အစည်းအဝေးခေါ်လိုက်တယ်။ အရေးပေါ် တွေ့ဆုံမှုတော့ မဟုတ်ပါဘူး။ အပြောင်းအလဲတွေ ဖြစ်နိုင်တာ ကျွန်တော်တို သိထားပြီးသားပါ။ အခုမှ အောက်တိုဘာလပဲ ရှိပါသေးတယ်။ ပြီးတော့ ကျွန်တော်တို့က နဂိုကတည်းက နည်းပြအပေါ် ယုံကြည်ထားပြီးသားပါ။ ဒါပေမယ့် ကစားသမားတွေ သီးသန့် တွေ့ဆုံမှုပါ။ ပြောချင်တာတွေလည်း ရှိနေခဲ့တယ်။ ပွဲတွေ ပြီးတိုင်း လုပ်လေ့လုပ်ထ ရှိတဲ့အရာတော့ မဟုတ်ပါဘူး။ ဒီအတိုင်းပဲ ဆက်ချီတက်ကြစို့"လို့ ပြောကြားသွားပါတယ်။

လီဗာပူးဟာ ယူနိုက်တက်ကို ရှုံးနိမ့်ပြီးနောက် ဂျာမနီသို့ သွားရောက်ကစားရတဲ့ ဖရန့်ဖတ်နှင့်ပွဲစဉ်မှာတော့ ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

လီဗာပူးဟာ လာမယ့် ပွဲစဉ်အဖြစ် စနေနေ့တွင် ဘရန့်ဖို့ဒ်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရပါမယ်။

image