ရုရှား၏ထိပ်တန်းရေနံထုတ်လုပ်သူ ၂ ဦးကို ယူအက်စ်က ပိတ်ဆို့အရေးယူ
ယူကရိန်းတွင် အပ-စ်အခ-တ်ရပ်စဲရေးကို သဘောတူရေးအတွက် မော်စကိုအားဖိအားပေးရန်အလို့ငှာ ရုရှား၏ အကြီးဆုံးရေနံထုတ်လုပ်သူ ရို့စ်နက်နှင့် လုခ်ကွိုင်းလ် တို့ကို အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့ဟုသိရသည်။
“ယခုအချိန်သည် သ-တ်ဖြတ်မှုများကို ရပ်တန့်ရန်နှင့် ချက်ခြင်း အပ-စ်အခ-တ်ရပ်စဲရန် အချိန်ဖြစ်သည်” ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်၏ ကြေငြာချက်ကို ကိုးကားဖော်ပြထားသည်။
ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကို လိုက်နာရန်အတွက် အမေရိကန် မဟာမိတ်များက ပူးပေါင်းပါဝင်ရန် တိုက်တွန်းနေချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အစိုးရအဖွဲ့သည် လိုအပ်ပါက နောက်ထပ်အရေးယူရန် ပြင်ဆင်ထားကြောင်း၊ ဘက်ဆင့်က ပြောကြားခဲ့သည်။
နိုင်ငံပိုင် ရို့စ်နက် နှင့် ပုဂ္ဂလိကပိုင် လုခ်ကွိုင်းလ် တို့သည် ရုရှား၏ ရေနံစိမ်းတင်ပို့မှု စုစုပေါင်း၏ ထက်ဝက်နီးပါး (သို့မဟုတ်) ယခုနှစ် ပထမနှစ်ဝက်တွင် တစ်ရက်လျှင် စည်ပေါင်း ၂ ဒဿမ ၂ သန်းခန့်ကို ပူးတွဲထုတ်လုပ်သည့် အကြီးဆုံး ရုရှားရေနံထုတ်လုပ်သည့်ကုမ္မဏီ နှစ်ခုဖြစ်ကြသည်ဟု ဘလွန်းမ်ဘာ့ဂ် က ခန့်မှန်းထားသည်။
ရုရှား-ယူကရိန်း ပဋိပက္ခသည် ပြေလည်သွားလိမ့်မည်ဟု သူမျှော်လင့်ထားသောကြောင့် “သူတို့ ကြာရှည်မခံဘူး” “အချိန်တန်ပြီလို့ ထင်ပါတယ်” ဟု အိမ်ဖြူတော်မှာ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်း၌ ထရမ့်ပ်က ပြောကြားခဲ့သည်။