3 d - Translate

အတ္ထရံတံတားအသစ်ကြီး ပြီးစီးပါက တန် (၆၀) ယာဉ်များပါ အချိန်မရွေး ဖြတ်သန်းသွားလာနိုင်မည်
မွန်ပြည်နယ်တွင် တည်ဆောက်နေသည့် အတ္ထရံတံတားအသစ်ကြီး ပြီးစီးပါက တန် (၆၀) ယာဉ်များပါ အချိန်မရွေး ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအသုံးပြုနေသည့် တံတားအဟောင်းကို ၁၉၉၈ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ခံနိုင်ဝန်အားအရ အိမ်စီးယာဉ်ငယ်များနှင့် ကုန်တင်ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပြုထားခြင်း ဖြစ်သည်။
အတ္ထရံတံတားအသစ်ကြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သေးသည်။
စစ်ဆေးစဉ် လုပ်ငန်းစီမံချက်အတိုင်း တံတားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ တစ်ပြိုင်တည်းပြီးစီးအောင် ဆောင်ရွက်သွားရန်လိုအပ်ပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် သဘာဝပတ်ဝန်းကျင်ထိခို-က်မှု မရှိစေရေး အထူးဂရုပြုဆောင်ရွက်ရန်တို့ကိုမှာကြားခဲ့ကြောင်းသိရသည်။

imageimage