8 ပတ် - ဘာသာပြန်ပါ။

သင့်အတွက်ကိုလည်း မမေ့နဲ့
--------------------------------
အတ္တကြီးတာတော့ မဟုတ်ပါဘူး။
ကိုယ့်အတွက်ကိုလည်း ပြန်ကြည့်ဖို့ မမေ့ပါနဲ့။
ကျွန်တော်တို့ဟာ
ကိုယ့်မှာရှိတာကိုပဲ ပေးလို့ရတာပါ။
ကိုယ့်မှာ မရှိတာကို တောင်းဆိုလာရင်
အဲ့ဒီအတွက် စိတ်အပင်ပန်း မခံပါနဲ့။
ဆိုလိုတာ ပိုက်ဆံပဲဖြစ်ဖြစ်
ပျော်ရွှင်မှုပဲဖြစ်ဖြစ် တခြားအကူအညီပဲဖြစ်ဖြစ်
သူတပါးကို ဝေမျှချင်တယ်ဆိုရင်
ကိုယ့်မှာ အရင်ဆုံး ရှိနေဖို့ လိုအပ်ပါတယ်။
ဒါကြောင့် ကူညီတာ ကောင်းပါတယ်
ဒါပေမယ့် ကိုယ့်အတွက်လည်း
ကိုယ်ပြန်ကြည့်ဖို့ မမေ့ပါနဲ့။
ကိုယ်က ကူညီပေးလိုက်လို့
သူတပါး အဆင်ပြေသွားပြီး
ကိုယ်က အခက်အခဲ ဖြစ်သွားမယ်ဆိုရင်
ဒါက သိပ်တော့ မဟုတ်သေးဘူး။
ပိုက်ဆံကို သိပ်မဖြုန်းပါနဲ့
ရှာရတာ အရမ်းခက်ခဲတယ်။
ခဏလေး ပျော်ဖို့အတွက် ပိုက်ဆံကို
အများကြီး မဖြုန်း​ပါနဲ့။
အဲ့ဒီငွေရဖို့ သင့်ဘဝရဲ့ တန်ဖိုးရှိတဲ့
အချိန်တွေကို ပေးဆပ်ခဲ့ရတာပါ။
ဝယ်စရာ ရှိရင်တောင်
လိုအပ်တာထက် ပိုမဝယ်ပါနဲ့။
ငွေကြေးကြောင့် ဘဝမှာ
အခက်အခဲ ဖြစ်သွားတတ်လို့ပါ။
ကိုယ့်ပစ္စည်းကို စည်းကမ်းရှိရှိအသုံးပြုပါ။
ကိုယ်စည်းကမ်း မရှိရင်
ဘယ်ပစ္စည်းမှ ကြာရှည် မခံပါဘူး။
အပေါင်းသင်း များဖို့ မလိုဘူး
ကိုယ့်ကိုယ် နားလည်ပြီး သည်းခံတတ်တဲ့
မိတ်ဆွေ အပေါင်းအသင်း အနည်းငယ်ရှိလည်း
ဘဝအတွက် ပြည့်စုံပါတယ်။
ဒီအချက်တွေက ဘဝနေနည်းတွေပါပဲ..........။
with respect - credit

image