သီပေါမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံကြီးပြန်လည်ဖွင့်လှစ်

သီပေါမြို့အား တပ်မတော်မှပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် ဒေသခံများအားကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးနိုင်ရန် အကြမ်းဖက်အဖွဲ့များ ဖျ-က်ဆီးသွားသည့် သီပေါမြို့နယ်ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်မှုများပြုလုပ်ပြီးနောက် အောက်တိုဘာ ၂၃ ရက်က ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဖွင့်လှစ်ပြီးနောက် တပ်မတော်ဆရာဝန်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များနှင့် ဆေးရုံမှကျန်းမာရေးဝန်ထမ်းများက ဒေသခံ အမျိုးသား (၁၆)ဦး၊ အမျိုးသမီး(၂၆)ဦးတို့အား အဖျားရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် သီပေါမြို့ပေါ်နှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများအား ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးလုပ်ငန်းများ၊ ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ အသက်(၁၅)နှစ်အောက် ကလေး(၃၅၀)ဦးတို့အား အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းခဲ့ကြောင်း သိရသည်။

ထို့အတူ လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီး သတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံများစုပေါင်း၍ သီပေါမြို့ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကာ လက်ရှိအချိန်အထိ သီပေါမြို့တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအား အောက်တိုဘာ ၂၁ ရက်မှစ၍ ကျောင်းအပ်လက်ခံခဲ့ရာ အောက်တိုဘာ ၂၃ ရက်အထိ ကျောင်း သား၊ ကျောင်းသူ(၁,၁၅၅)ဦးကျောင်းအပ်နှံခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှလည်း သီပေါမြို့၊ ကုန်းတော်ပရိယတ္တိစာသင်တိုက်၌ ယာယီရုံးခွဲဖွင့်လှစ်၍ သန်းခေါင်စာရင်းတိုက်ဆိုင်စစ်ဆေးပေးခြင်းနှင့် မှတ်ပုံတင်ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တပ်မတော်မိုင်းရှင်းလင်းရေးအဖွဲ့မှ သီပေါမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းများ၊ နေရာများအား မိုင်းရှင်းလင်းရေးလုပ်ငန်းများ၊ လုံခြုံရေးအဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image