ဆီးဂိမ်းအကြို ပြင်ဆင်မှုအနေဖြင့် အမျိုးသမီး ဖူဆယ်အသင်း ထိုင်းနိုင်ငံသို့ လေ့ကျင့်ခြေစမ်းခရီး ထွက်ခွာ
ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းသည် ဆီးဂိမ်းအကြိုပြင်ဆင်မှုအဖြစ် ယနေ့ အောက်တိုဘာလ (၂၄) ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံသို့ လေ့ကျင့်ခြေစမ်းခရီး ထွက်ခွာသွားပြီ ဖြစ်သည်။
မြန်မာအမျိုးသမီး ဖူဆယ်အသင်းအနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အောက်တိုဘာ (၂၄)ရက် မှ (၃၁)ရက်အထိ လေ့ကျင့်ပြင်ဆင်မည်ဖြစ်သည်။
ထိုကာလအတွင်း ထိုင်းအမျိုးသမီးလက်ရွေးစင် ဖူဆယ်အသင်းအပါအဝင် အမျိုးသမီးဖူဆယ်ကလပ်အချို့နှင့်လည်း လေ့ကျင့်ခြေစမ်းပွဲများ ကစားသွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီး ဖူဆယ်အသင်းကို နည်းပြချုပ်အဖြစ် ထိုင်းလူမျိုးနည်းပြ Mr. Prasert Innui မှ တာဝန်ယူကိုင်တွယ်နေပြီး ထိုင်းလေ့ကျင့် ခြေစမ်းခရီးစဉ်သို့ ပဏာမကစားသမား (၂၂) ဦး လိုက်ပါသွားကြောင်း အဖွဲ့ချုပ်ထံမှ သိရသည်။