မေဂျာလိဂ်ရဲ့ ရောင်းအားအကောင်းဆုံး အင်္ကျီပိုင်ရှင်စာရင်းကို မက်ဆီနှင့် ဆန်ဟောင်မင်းတို့ ဦးဆောင်
=====================

မေဂျာလိဂ်ဟာ ၂၀၂၅ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံးဂျာစီပိုင်ရှင် ကစားသမား ၁၀ ဦးကို ကြေညာလာပါတယ်။
မေဂျာလိဂ်ရဲ့ ရောင်းအားအကောင်းဆုံးအင်္ကျီပိုင်ရှင်စာရင်းကို အင်တာမိုင်ယာမီစူပါစတားလီယွန်နယ်မက်ဆီက အံ့ဩသင့်စရာမရှိ ထိပ်ဆုံးမှ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

မကြာသေးမီကမှ LAFC သို့ ရောက်လာတဲ့ တောင်ကိုရီးယားအသင်းခေါင်းဆောင်ဆန်ဟောင်မင်းက ဒုတိယနေရာမှာ ရပ်တည်နေပြီး ဟာဗင်းချက်ကီလိုဇာနို၊ မားကိုရူးစ်တို့လည်း ရောင်းအားအကောင်းဆုံးအင်္ကျီပိုင်ရှင် ၁၀ ဦးစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
မက်ဆီဟာ ၂၀၂၃ ခုနှစ်တွင် အင်တာမိုင်ယာမီသို့ ပြောင်းလာပြီးနောက် မေဂျာလိဂ်အား လူစိတ်ဝင်စားလာအောင် လုပ်ဆောင်လာနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

တဖက်တွင် ဆန်ဟောင်မင်းမှာလည်း စပါးစ်မှ LAFC သို့ ပြောင်းလာပြီး ၁၀ ပွဲတည်းသာ ကစားရသေးပေမယ့်လည်း ရောင်းအားအကောင်းဆုံးဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဆန်ဟောင်မင်းဟာ ဩဂုတ်လတုန်းက LAFC သို့ ပြောင်းပြီးနောက် ၇၂ နာရီအတွင်းတွင် ရောင်းအားအကောင်းဆုံးအင်္ကျီပိုင်ရှင်အဖြစ် ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်.

မေဂျာလိဂ်ရဲ့ရောင်းအားအကောင်းဆုံးအင်္ကျီပိုင်ရှင် ၁၀ ဦးစာရင်းတွင် အင်တာမိုင်ယာမီမှ လူးဝစ်ဆွာရက်ဇ်၊ ရိုဒရီဂိုဒီပေါလ်၊ ပဲလေ့စ်အသင်းခေါင်းဆောင်ဟောင်း ဝီလ်ဖရိုင်းဇာဟာ၊ နယူးကာဆယ်စတားဟောင်းမီဂွယ်အယ်မီရွန်တို့လည်း ပါဝင်ခဲ့ပါတယ်။

image